September 20, 2024

၂၄. ၈. ၂၀၂၄
Written by Nay Moe

PDF များ၏သတင်းကို လိုက်လံစုံစမ်းနေသော တပ်မတော်သားတစ်ဦးကို သေနတ်ဖြင့် ၁၅ ချက် ပစ်သတ်ကာ သတ်ဖြတ်လိုက်ကြောင်း သာယာဝတီ PDF က ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စုအပိုင် ပဲခူးရိုးမထဲရှိ တောင်ယာတဲအတွင်း၌ တပ်သား ၁ ဦး အရပ်ဝတ်ဖြင့် သတင်းစုံစမ်းရန် ရောက်ရှိနေကြောင်း ကြားသိရ၍ ဩဂုတ် ၂၃ ရက် ညနေ ၄ နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅)၏ ဗျူဟာစစ်ကြောင်းမှ သွားရောက်ဖမ်းဆီးစဥ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ၁၅ ချက် ပစ်ခတ်ကာ သတ်ဖြတ်လိုက်ပြီး ၎င်းထံမှ ၉ မမ သေနတ်အတို ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄ တောင့်၊ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် စစ်လွယ်အိတ် ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တပ်သားသည် မင်းလှမြို့နယ်အခြေစိုက် ခလရ(၁)တပ်ရင်းမှ တပ်သား “လက်ကပ်” ဖြစ်ပြီး ၄င်းသည် ကြို့ပင်ကောက်မြို့နယ်မှ ဗိုလ်ကြီးရန်နိုင်စိုးနှင့် အတူနေ၍ PDF များ၏ သတင်းများကို လိုက်လံစုံစမ်းနေသူဖြစ်သည်ဟုလည်း ဖော်ပြထားပြီး MT News သတင်းဌာနအနေဖြင့် PDF များ၏ သတ်ဖြတ်မှုခံရသူမှာ အမှန်တကယ်တပ်မတော်သား ဟုတ် မဟုတ်ကိုမူ စိစစ်နိုင်ခြင်းမရှိဘဲ PDF များ၏ သတ်ဖြတ်မှု ဝန်ခံချက်ကိုသာ သတင်းဖော်ပြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *