September 20, 2024

၂၄. ၈. ၂၀၂၄
Written by Nyein Kyaw

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၁၆,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဝင်ငွေကျပ်သိန်း ၁၇၀ ကျော်ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်အား အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားပြီး ယခုဩဂုတ်လတွင်လည်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ နေ့စဉ်လူဦးရေ ၂၀ မှ ၈၀ အကြား ဝင်ရောက်မှုရှိကာ စနေနှင့် တနင်္ဂနွေရုံးပိတ်များတွင် လူဦးရေ ၁၀၀ ကျော်အထိ ဝင်ရောက်မှုရှိကြောင်း သိရသည်။

ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ကျပ် ၁,၀၀၀ နှင့် ပြည်ပခရီးသွားတစ်ဦးလျှင် ကျပ် ၁၀,၀၀၀ နှုန်းသတ်မှတ်ထားသည်။ ပြည်တွင်းခရီးသွား ၁၂ နှစ်အောက် ကလေးငယ်များ၊ ကျောင်းထောက်ခံစာပါရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရဟန်းသံဃာများအား ဝင်ကြေးကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်ဦးရေ ၉၀,၀၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ပြီး ဝင်ကြေး ကျပ် ၇၁၉ သိန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *