September 20, 2024

၂၄.၈.၂၀၂၄
Written By Thandar

လက်ရှိ ရုံတင်မပြသခင်ကတည်းက Facebook တွေမှာ ပရိသတ်အားပေးမှု တခဲနက်ရရှိထားနေတဲ့ အငြိမ့်မင်းသမီး သရဲဇာတ်လမ်းပုံစံ “သဘင်သည်မြနှင်းဆီ”ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုလိုနီခေတ်က ဘိလပ်ပြန် ပညာတတ်သူဌေးသမီး မြစမ်းကြည်ကာရိုက်တာနဲ့ သရုပ်ဆောင် မေမီကိုကို ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်လောက်က မြန်မာနိုင်ငံမှာ ရိုးရာအကနဲ့ ထိတ်လန့်ချောက်ချားဖွယ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လည်းဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ဆန်းသစ်ပြီး ဖန်တီးထားတာလည်းဖြစ်ပါတယ်။

“သဘင်သည်မြနှင်းဆီ” The Beginning ရုပ်ရှင်ဇာတ်ကားကြီးကတော့ နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေတဲ့ အငြိမ့်မင်းသမီး သရဲအကြောင်းကို ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

ယခင်ထုတ်လွှင့်ပြသခဲ့တဲ့ သဘင်သည်မြနှင်းဆီ ရုပ်သံဇာတ်လမ်းတွဲနဲ့ မတူဘဲ သဘင်သည်မြနှင်းဆီရုပ်သံဇာတ်လမ်းတွဲကြီးကို Prequel ရုပ်ရှင်ဖြစ်နေနဲ့ သဘင်သည်မြနှင်းဆီ – The Beginning မှာ သရုပ်ဆောင် မေမီကိုကိုက သဘင်သည် မြနှင်းဆီရဲ့ မိခင်ဖြစ်သူ မြစမ်းကြည်နေရာက ပါဝင်ထားလည်းဖြစ်ပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ကိုလိုနီခေတ်က ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာနဲ့ မေမီကိုကို ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ပြင် မြနှင်းဆီတစ်ယောက် အငြိမ့်မင်းသမီး ဘယ်လို ဖြစ်လာခဲ့လဲဆိုတဲ့ အကြောင်းကို သေချာသိကြရတော့မှာဖြစ်ပြီး သူမရဲ့ ငယ်ဘဝ၊ သူမရဲ့မိသားစု၊ သိပ်ကိုရက်စက်ကြမ်းတမ်းလှတဲ့ သူမရဲ့မေမေအကြောင်းကို သေချာကြည့်ရှုခံစားကြရတော့မှာပါ”လို့ The Beginning Page မှာ ပရိသတ်ကို အသိပေးလာပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ကြမယ့်သရုပ်ဆောင်တွေအနေနဲ့ မြစမ်းကြည်အဖြစ် မေမီကိုကို၊ နှင်းဆီအဖြစ် စင်ဒီမြတ်၊ နှင်းဆီငယ်ဘဝအဖြစ် ကလေးသရုပ်ဆောင် ဆုရတနာထိုက်၊ နီနီအဖြစ် ယွန်းသဒ္ဒါဟန်၊ ဒေါ်ဌေးအဖြစ် ဒေါ်စမ်းစမ်းဝင်း၊ အောင်မင်းအဖြစ် မင်းအာကာ၊ နေဝင်းအဖြစ် ဂူဂူး၊ ယဉ်ယဉ်နုအဖြစ် သံစဉ်ဖြိုးပိုင်၊ အဝင်းအဖြစ် ရွှန်းလဲ့ရွှေရည်၊ ကိုစိုးတင့်အဖြစ် ထူးမြတ်၊ ကိုညိုမောင်အဖြစ် ဟင်နရီစံတို့က ပါဝင်ထားကြပါတယ်။

“သဘင်သည်မြနှင်းဆီ – The Beginning” ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် စက်တင်ဘာလဆန်းမှာ ရုပ်ရှင်ရုံပိတ်ကားပေါ်မှာ ခံစားကြည့်ရှုကြရတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *