September 20, 2024

၂၄.၈. ၂၀၂၄
Translated by Thettant

ဂျာမနီနိုင်ငံ အနောက်ဘက် ဆိုလင်ဂျန်မြို့မှာ မြို့တည်ထောင်ခြင်း နှစ် ၆၅၀ ပြည့်အခမ်းအနားပြုလုပ်ချိန် သောကြာနေ့ည ပွဲတော်တစ်ခုအတွင်းမှာ အမျိုးသားတစ်ဦးက လူတွေကို ဓားနဲ့ လိုက်ထိုးပြီး တိုက်ခိုက်လို့ အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့သလို ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့တိုက်ခိုက်သူဟာ တစ်ဦးတည်းလာရောက်တိုက်ခိုက်တာဖြစ်ပြီး အနီးပတ်လည်ကလူတွေကို လျင်မြန်စွာတိုက်ခိုက်အပြီးမှာ ချက်ချင်းခြေရာဖျောက် ပျောက်ကွယ်သွားခဲ့တာကြောင့် တရားခံလွတ်မြောက်သွားခဲ့သလို လက်ရှိမှာတော့ ဒက်ဆယ်ဒေါ့ဖ်ရဲတပ်ဖွဲ့က မျက်မြင်သက်သေတွေကို စစ်မေးပြီး အချက်အလက်စုဆောင်းတာလုပ်ဆောင်နေကာ တရားခံဖမ်းမိရေး ဆက်လက်ရှာဖွေနေပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆိုလင်ဂျန်မြို့တော်ဝန် တင်ကာ့ဇ်ဘတ်ချ်ကလည်း “ဒီညနေခင်း ဆိုလင်ဂျန်မှာ ကျွန်တော်တို့အားလုံး ထိတ်လန့်တုန်လှုပ်ပြီး ဝမ်းနည်းနေကြပါတယ်။ ကျွန်တော်တို့အားလုံးက မြိုရဲ့နှစ်ပတ်လည်နေ့ကို အတူတကွကျင်းပချင်ခဲ့ပေမဲ့ အခုတော့ သေကြေဒဏ်ရာရသူတွေအတွက် ဝမ်းနည်းနေကြရပါတယ်”လို့ Facebook မှာ ရေးသားခဲ့သလို ဆိုလင်ဂျန်မြို့မှာ ဆက်လက်ကျင်းပမဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားအားလုံးကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ဆိုလင်ဂျန်မြို့ဟာ လူဦးရေ ၁၆၀၀၀၀ နေထိုင်တဲ့မြို့ဖြစ်ပြီး ကိုလုံး၊ ဒက်ဆယ်ဒေါ့ဖ်မြို့ကြီးတွေအနီးမှာတည်ရှိကာ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က တရားခံကို ရဟတ်ယာဥ်နဲ့ပါ ရှာဖွေနေသလို ဒဏ်ရာရသူတွေကိုလည်း အရေးပေါ်ကုသမှုပေးနေတယ်လို့ သိရပါတယ်။

Ref, The Newyork Times, NPR

Leave a Reply

Your email address will not be published. Required fields are marked *