September 20, 2024

ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်ပြီး အကြိတ်အနယ်ထိုးသတ်နိုင်လို့ ရှုံးတဲ့ ဂန်ချိုင်းလည်း ဘတ် ၃၅၀၀၀၀ ဆုရ

၂၃. ၈. ၂၀၂၄
Written by Thettant

ဒီနေ့ ဩဂုတ် ၂၃ ရက် ည ၇ နာရီမှာ ထိုးသတ်ကြတဲ့ One Championship ရဲ့ One Friday Fight 76 ထွန်းမင်းနိုင်(ဆူလေမန်) နဲ့ စစိုးသီဟ(စောစံမြ)တို့ အလဲထိုးနဲ့ရှုံးပြီး ထိုင်းနဲ့ ဂျပန်ဖိုက်တာတွေကို ဘတ် ၃၅၀၀၀၀ စီ ဆုကြေးဆွတ်ခူးခွင့်ပေးလိုက်ရတာကြောင့် ကျန်တဲ့ မြန်မာကိုယ်စားပြုဖိုက်တာတွေ ဖိအားနည်းနည်းများခဲ့ပုံရပြီး အဲမွီကိုယ်တိုင်လည်း ၆ လက်မသာတဲ့ ပြိုင်ဘက်ကို ပထမအချီမှာတင် အလဲထိုးနိုင်ချေရှိတာကို မထိုးနိုင်ခဲ့ဘဲ ဒုတိယအချီမှ ပွဲဖြတ်နိုင်ခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ အလဲထိုးပြီး ဆုကြေး ဘတ် ၃၅၀၀၀၀ ဆွတ်ခူးလို့ မြန်မာတွေ သိက္ခာဆယ်နိုင်ခဲ့တာပါ။

စတုတ္ထမြောက်ပွဲမှာတော့ ၂၆ ပွဲ ရှုံးပွဲမရှိသေးတဲ့ သွေးလင်းထက်က ထိုင်းပြိုင်ဘက်ဂန်ချိုင်းထက် အရပ်ရော အရည်အချင်းရော သွေးအေးတာပါ သာသလို ပထမအချီမှာတင် ဂန်ချိုင်းကို ညာဖြောင့်လက်သီးမိအောင်ထိုးပြပြီး အမှတ်စဥ်ရေခံရအောင်ကို သွေးလင်းထက်က ထိုးနိုင်ခဲ့တာပါ။

ဒုတိယအချီမှာတော့ သွေးလင်းထက်ရော ဂန်ချိုင်းပါ အထိနာပြီး ဆိုင်ထိုးပြိုင်ထိုးရာမှာ နှစ်ယောက်စလုံး ထိခဲ့တာပါ။ တတိယအချီမှာတော့ ဂန်ချိုင်းက ပျော့နေပေမဲ့ သွေးလင်းထက်က ပြီးခြေပြီးလက် မပြနိုင်ခဲ့ဘဲ အလဲမထိုးနိုင်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဂန်ချိုင်းကလည်း မူးဝေ ကွဲပြဲနေတဲ့ကြားကကို ပြိုမကျတဲ့အပြင် မာနေခဲ့ပြီး ဆိုင်ထိုးပြိုင်ထိုးလုပ်နိုင်ခဲ့တဲ့ ဖျော်ဖြေမှုအားကောင်းတာကြောင့် သွေးလင်းထက်ရော ဂန်ချိုင်းကိုပါ ဘတ် ၃၅၀၀၀၀ ဆုချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။

သွေးလင်းထက်နဲ့ ဂန်ချိုင်းပွဲဟာ အလဲထိုးစေလိုတဲ့ မြန်မာတွေ ဆန္ဒမပြည့်ခဲ့တာကလွဲရင် ပွဲကောင်းပွဲကြမ်းဖြစ်ခဲ့သလို နှစ်ပွဲဆက်ရှုံးပြီး ပြိုင်ဘက်ကို ဘတ် ၃၅၀၀၀၀ ဆီ ပေးလိုက်ရတဲ့ မြန်မာတွေအဖို့ နှစ်ပွဲဆက်တိုက် ပြန်အနိုင်ယူပြီး အဲမွီရော၊ သွေးလင်းထက်ပါ ဘတ် ၃၅၀၀၀၀ ဆီ ဆုပြန်ယူနိုင်ခဲ့တာမို့လို့ ဒုခေါင်ပွဲက သန့်ဇင်နိုင်ဖို့ပဲ လိုတော့တဲ့ အခြေအနေပါ။

Leave a Reply

Your email address will not be published. Required fields are marked *