September 20, 2024

၂၃.၈.၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့၊ ဘောလုံးကွင်းရှေ့တွင် Nissan Clipper ယာဥ်နှင့် အရက်မူးပြီး မောင်းနှင်သူ စီးနင်းလာသည် မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာက မော်တော်ဆိုင်ကယ်မောင်းသည့် အမျိုးသားသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုမှာ သြဂုတ်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင်ဖြစ်ပွားခဲ့ပြီး အခင်းနေရာသို့ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ ရောက်ရှိကူညီကာ လူနာကို သံဖြူဇရပ်မြို့ဆေးရုံသို့ ပို့ဆောင်၍ ဆေးရုံ၌ဆေးကုသစဥ် သေဆုံးသွားကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းတဲ့သူက မူးနေတာ။ အဲ့ဒီမှာ ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိတာ။ ဆိုင်ကယ်မောင်းတဲ့သူက ခုချိန်ထိပိုင်ရှင်မဲ့ ဖြစ်နေတယ်” ဟု ကူညီပေးသည့် စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

လက်ရှိတွင် အဆိုပါ ယာဥ်တိုက်မှုကြောင့် မော်တော်ယာဥ်မောင်းနှင်သူမှာ သံဖြူဇရပ်မြို့ရှိ ရဲစခန်းတွင် အမှုရင်ဆိုင်နေကြောင်းလည်း သိရသည်။

Photo – Pyaesone Win

Leave a Reply

Your email address will not be published. Required fields are marked *