September 20, 2024

၂၃. ၈. ၂၀၂၄
Written by Thettant

ဒီနေ့ ဩဂုတ် ၂၃ ရက် ည ၇ နာရီမှာ ထိုးသတ်ကြတဲ့ One Championship ရဲ့ ဒီတစ်ပတ် One Friday Fight 76 မှာ သန့်ဇင်၊ အဲမွီ၊ ထွန်းမင်းနိုင်(ဆူလေမန်)၊ ကရင်ပြည်နယ်နာမည်ကျော် သွေးလင်းထက်နဲ့ စစိုးသီဟ(စောစံမြ)တို့ ထိုးသတ်ကြတာဖြစ်ပြီး အဖွင့်ပွဲမှာ ထွန်းမင်းနိုင်(ဆူလေမန်)ရော စစိုးသီဟရောပါ အလဲထိုးနဲ့ ရှုံးခဲ့ကြလို့ မြန်မာတွေ အဖွင့်မလှခဲ့ပါဘူး။

အထူးသဖြင့် ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းနိုင်အဖို့ ကရင်နွယ်ဖွား ထိုင်းဖိုက်တာ ကော်ပိုင်ကို အလဲထိုးခံရှုံးရတာ ရှုံးချက်နာပြီး သူ့အနေနဲ့ One မှာ အနာဂတ်ပွဲရဖို့ မလွယ်တော့တဲ့အခြေအနေ ဆိုက်ရောက်သွားတာပါ။ ပထမအချီမှာ အမှတ်စဥ်ရေခံရ၊ ဒုတိယအချီမှာ စင်ပေါ်တင် မူးဝေနေတဲ့ ထွန်းမင်းနိုင်ဟာ One က ပေးတဲ့ ဒုတိယအခွင့်အရေးကို ကောင်းကောင်းအသုံးမချနိုင်ဘူးလို့ ဆိုရမှာဖြစ်သလို ကော်ပိုင်အဖို့တော့ ဆုကြေးဘတ် ၃၅၀၀၀၀ အပြင် မြန်မာပြည်ဖွားကရင်တို့ရဲ့ လက်ခုပ်သံပါ ရသွားခဲ့တာပါ။

ဒုတိယပွဲမှာလည်း စစိုးသီက ဂျပန်ဖိုက်တာ မာဆာတိုရှီရဲ့ နံကြားကန်ချက်မိပြီး ရှုံးနိမ့်ရတဲ့အပြင် မာဆာတိုရှီက ဆုကြေးဘတ် ၃၅၀၀၀၀ ယူသွားချိန် မြန်မာဖိုက်တာတွေ နှစ်ပွဲဆက် အရေးနိမ့်လို့ သွားပြီလား တွေးရတော့မဲ့အချိန်မှာ အဲမွီက သူ့ထက် ၆ လက်မမြင့်တဲ့ ဂျပန်ဖိုက်တာ တာကာဇိုနိုကို ပထမအချီမှာ အသာစီးထိုးပြီး ဒုတိယအချီမှာ တွဲလုံးတွေနဲ့ အမှတ်စဥ် နှစ်ကြိမ်အရေခံရအောင် ထိုးနိုင်ခဲ့တာကြောင့် ဒိုင်ပွဲရပ်နဲ့ ဒုတိယအချီ ပြီးလုပြီးခင်မှာ အလဲထိုးပြီး ဆုကြေး ဘတ် ၃၅၀၀၀၀ ယူသွားနိုင်ခဲ့လို့ သုံးပွဲမြောက်မှာ သိက္ခာပြန်ဆယ်နိုင်ခဲ့ပါတယ်။

မကြာခင် ရှစ်ပွဲမြောက်မှာ သွေးလင်းထက်က ထိုင်းဖိုက်တာ ဂန်ချိုင်းနဲ့ ထိုးသတ်ပြီး ၁၁ ပွဲမြောက်မှာတော့ ဒုခေါင်ပွဲအဖြစ် သန့်ဇင်က ထိုင်းဖိုက်တာ ထိုင် နဲ့ ထိုးသတ်ရမှာဖြစ်ပြီး သွေးလင်းထက်နဲ့ သန့်ဇင်တို့နှစ်ယောက်က အလဲထိုးနဲ့အနိုင်ရ ဘတ် ၃၅၀၀၀၀ စီ ဆုယူပြပြီး မြန်မာဖိုက်တာ ၅ ယောက်မှာ ၃ ယောက်ကတော့ နိုင်ပါသေးတယ် ဆိုတာမျိုး လုပ်ပြမလားဆိုတာတော့…။

Leave a Reply

Your email address will not be published. Required fields are marked *