September 20, 2024

တိုင်းရင်းသားပြည်သူများအားလုံး လွတ်လပ်စွာ ခရီးသွားလာနိုင်ပြီး အဓိကအားဖြင့် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသည့် နယ်စပ်ဒေသအချို့တွင်သာ စစ်ဆေးစိစစ်မှုများ ကြပ်မတ်ဆောင်ရွက်နေ

၂၃. ၈. ၂၀၂၄
Written by Nyein Kyaw

အဝေးပြေးကားဂိတ်များတွင် ရှမ်းပြည်နယ်မှတ်ပုံတင် (၁၃/ မှတ်ပုံတင်) ကိုင်ဆောင်သူ ပလောင်၊ ကိုးကန့်နှင့် “ဝ” တိုင်းရင်းသားများကို ကားလက်မှတ်များ မရောင်းချရန် ညွှန်ကြားထားခြင်း မရှိကြောင်းနှင့် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသည့် နယ်စပ်ဒေသအချို့တွင်သာ စစ်ဆေးမှုများ ကြပ်မတ်ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ယနေ့တွင် ဖြေကြားထားသည်။

အဝေးပြေးကားဂိတ်များတွင် ၁၃/မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ပလောင်၊ ကိုးကန့်နှင့် “ဝ ” တိုင်းရင်းသားများကို ကားလက်မှတ် မရောင်းချရန် ညွှန်ကြားထားကြောင်း ယာဉ်လိုင်းတချို့က ဖြေကြားခဲ့ကြောင်း မီဒီယာတချို့တွင်ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြန်လည်ဖြေကြားချက် အပြည့်အစုံမှာ “ထိုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိပါ။ တိုင်းရင်းသားပြည်သူများအားလုံး ကန့်သတ်မခွဲခြားဘဲ လွတ်လပ်စွာ ခရီးသွားလာနိုင်ပါသည်။ အဓိကအားဖြင့် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသည့် နယ်စပ်ဒေသအချို့တွင် စစ်ဆေးစိစစ်မှုများအား ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဝေးပြေးယာဉ်လိုင်းများဖြင့် ခရီးသွားလာနေသည့် ပလောင်၊ ကိုးကန့်၊ “ဝ”၊ ရခိုင် စသည့် တိုင်းရင်းသားများကို စစ်ဆေးရေးဂိတ်များမှ တင်းကျပ်စွာစစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများရှိကြောင်း သတင်းအမှားများ ဖြန့်ဝေနေမှုများရှိသည့်အပြင် အဆိုပါတိုင်းရင်းသားများအား ကားလက်မှတ်များ မ‌ရောင်းချရန် ညွှန်ကြားထားကြောင်း ရန်ကုန်ရှိအဝေးပြေးကားလက်မှတ် ရောင်းချသူများက ပြောကြောင်း မဟုတ်မမှန် ရေးသားဖော်ပြနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *