September 20, 2024

ဘင်္ဂါလီများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်သည့် AA က တပ်မတော်ကို လွှဲချရန် ကြိုးပမ်းနေ

ဘင်္ဂါလီများကို အစုလိုက်အပြုံလိုက် AA သတ်ဖြတ်မှု ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှု ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုရန်ပါ ဘင်္ဂါလီများ တောင်းဆို

၂၃. ၈. ၂၀၂၄
Written by Nay Moe

ရခိုင်လက်နက်ကိုင် AA က မောင်တောမြို့သိမ်းတိုက်ပွဲပြုလုပ်စဥ် ဘင်္ဂါလီအိမ်များ၊ ရွာများ မီးရှို့ဖျက်ဆီးပြီး နတ်မြစ်အတွင်း ဘင်္ဂါလီ ၂၀၀၀ ကျော် သတ်ဖြတ်ခဲ့မှု ချက်ချင်းရပ်တန့်ရန် ဘင်္ဂါလီအဖွဲ့ပေါင်း ၁၁၅ ဖွဲ့က ယနေ့ ပူးတွဲ ထုတ်ပြန်ချက်ထုတ်ပြန် တောင်းဆိုထားသည်။

တောင်းဆိုချက်တွင် ဩဂုတ် ၅ ရက်က AA ၏ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် နတ်မြစ်အနီးတွင် ဘင်္ဂါလီ ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ မကြာသေးမီရက်သတ္တပတ်များအတွင်း မောင်တောမြို့နှင်ပတ်ဝန်းကျင်ရွာများမှ ဘင်္ဂါလီများ ဒါဇင်ချီသေဆုံးမှုဖြစ်အောင် AA က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့​ကြောင်း၊ AA ခေါင်းဆောင်များက ဘင်္ဂါလီများအပေါ် အမုန်းစကားအသုံးပြု၍ ပစ်မှတ်ထားရန်ရည်ရွယ်နေကြောင်း ဖော်ပြထားသည်။

ထို့အတူ အဆိုပါတောင်းဆိုချက်တွင် ဘင်္ဂါလီများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်သည့် AA က တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများကို လွှဲချရန် ကြိုးပမ်းနေကြောင်း၊ ဘင်္ဂါလီများကို အစုလိုက် အပြုံလိုက် AA အဖွဲ့က သတ်ဖြတ်မှုကို ကုလသမဂ္ဂဦးဆောင်သော လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုကိုပါ ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုရန် ဘင်္ဂါလီ ၁၁၅ ဖွဲ့က တောင်းဆိုထားပြီး အဆိုပါတောင်းဆိုမှုကို AA၊ NUG၊  အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ နွေဦး တော်လှန်ရေး၏ တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် မြန်မာနိုင်ငံ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဘင်္ဂါလီ အသိုင်းအဝိုင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုချက်များ တိုက်တွန်းချက်များ ပါဝင်သည်။

မှတ်ချက်။ တောင်းဆိုချက်တွင် မြန်မာနိုင်ငံက လက်မခံသော ရိုဟင်ဂျာဟု ဖော်ပြထားသည်။

#Rohingya #May5 # NafRiverMassacre
#WhatsHappeingInMyanmar #MaungTaw
#AA #Drone #ရခိုင် #ဘင်္ဂါလီ #MT

Leave a Reply

Your email address will not be published. Required fields are marked *