September 20, 2024

၂၃. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၏ နာမည်ကျော်ကြားလှသည့် ဖူးခက်ကျွန်းအပန်းဖြေစခန်းတွင် ဩဂုတ်လ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြေပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖူးခက်ဒေသအတွင်း ဩဂုတ်လ ၂၂ ရက် ညမှစ၍ မိုးသည်းထန်စွာရွာသွန်းနေခဲ့ရာ ဩဂုတ်လ ၂၃ ရက် နံ နက်အထိ ဆက်လက်ရွာသွန်းနေခဲ့ပြီး စုစုပေါင်းမိုးရေချိန် မီလီမီတာ ၂၀၀ ခန့်(ရှစ်လက်မနီးပါး) ရှိခဲ့သည်။

ဩဂုတ်လ ၂၃ ရက်တွင်ဖြစ်ပွားခဲ့သော မြေပြိုမှု၌ သေဆုံးခဲ့သူရှစ်ဦးတွင် မြန်မာနိုင်ငံသားသုံးဦး၊ ထိုင်းနိုင် ငံသားသုံးဦးနှင့် ရုရှားနိုင်ငံသားနှစ်ဦးပါဝင်ကြောင်းသတင်းများအရ သိရသည်။ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများဟုလည်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖူးခက်ဒေသအတွင်း ရေကြီးမှုများဖြစ်ပေါ်ကာ မြေပြိုမှုကြောင့် အိမ်များလည်း ပျက်စီးခဲ့ကြကြောင်း သိရသည်။

REF- Khaosod

Leave a Reply

Your email address will not be published. Required fields are marked *