MT News
Written by Thettant
နတ်မောက်မြို့နယ် ဒီးဒုတ်ခင်ကျေးရွာတွင် အလယ်တန်းပြဆရာမနှင့် ခင်ပွန်းဖြစ်သူ ပစ်ခတ်ခံရပြီး အလယ်တန်းပြဆရာမသေဆုံးကာ ခင်ပွန်းဖြစ်သူဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒီးဒုတ်ခင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ဒီးဒုတ်ခင်)မှ အလယ်တန်းပြ ဆရာမ ၁ ဦးနှင့် ခင်ပွန်းဖြစ်သူတို့ နေအိမ်၌ရှိနေစဉ် PDF များက မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဆရာမဖြစ်သူသည် ဦးခေါင်းကို ကျည်ထိမှန်ပြီး ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ကာ ခင်ပွန်းဖြစ်သူမှာ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေး နှစ်နှစ်မပြည့်မီ ဆရာ၊ ဆရာမ ၅၀ခန့်မှာ CDM မလုပ်ခြင်းနှင့် သူလျှို၊ ဒလန်၊ SAC ယန္တရားလည်ပတ်အောင်ပြုလုပ်သည်စွပ်စွဲချက်များဖြင့် သတ်ဖြတ်ခံထားရသည်။