September 20, 2024

◾ ပိုင်ရှင်မဲ့ဖြစ်နေ၍ မဲဆောက် အကောက်ခွန်စခန်းက ဥပဒေအရဆက်လက်စိစစ်နေ

၂၃.၈.၂၀၂၄
Written By Zun

မြန်မာနိုင်ငံဘက်ခြမ်းကိုပို့မည့် ဆေးခြောက် ၂၂ ဒသမ ၉ ကီလိုကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ယမန်နေ့ သြဂုတ်လ ၂၂ ရက် မွန်းလွဲပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအခြေစိုက် Siiamrath သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက်၊ တပ်ရင်း ၄၃၁ မှ Rachamanu Special Task Force (Ratchamnu Special Task Force) ၏ တပ်ဖွဲ့ ဝင်များက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက်၊ အမှတ် ၃၊ ဘန်သရက်၊ မဲဆောက်ခရိုင် မဲဆောက်ခရိုင်အတွင်း နယ်မြေကင်းလှည့်ကြစဉ် အဆိုပါ ဆေးခြောက်များကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကင်းလှည့်စဥ် ဂျပ်ဖာ(၄) ဖာ၊ ခရီးဆောင်အိတ် ၁ လုံးတို့ကို သောင်ရင်းမြစ်ကမ်းအနီးရှိ ဝါးရုံအောက်တွင် တွေ့ရှိခဲ့ကြသော ကြောင့် တပ်မတော် အထူးတပ်ဖွဲ့ ရာမာနူက ဖွင့်ဖောက်စစ်ဆေးသောအခါ ဖိသိပ်ထည့်ထားသော ဆေးခြောက် အချောင်း ၁၅၀၊ အလေးချိန် ၁၅ ကီလိုဂရမ်၊ ဆေးခြောက် ၇၉ ထုပ်၊ စုစုပေါင်းအလေးချိန် ၂၂ ဒသမ ၉ ကီလိုဂရမ် တို့ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် တာ့ခ်ခရိုင် မဲဆောက် အကောက်ခွန်စခန်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းသိမ်းဆည်း၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုင်ရှင်မဲ့အဖြစ် မဲဆောက်အကောက်ခွန်ဌာနကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *