September 20, 2024

၂၃.၈.၂၀၂၄
Written By Thandar

ဂီတလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်များစွာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ကတော့ ချစ်ပရိသတ်တွေအတွက် “မူလလက်ဟောင်း”သီချင်းခွေထွက်တဲ့အခါ Fan Meeting မျိုးလေးလုပ်ပြီး ဆိုပြချင်ပါတယ်လို့ ဆိုပါတယ်။

“စားသောက်ဆိုင်နဲ့ ဘားတွေမှာပဲ သီဆိုဖြစ်တဲ့အတွက် Private ပွဲတွေလိုမျိုးဖြစ်ပြီးတော့ တချို့ကျွန်တော့်ပရိသတ်တွေအတွက် အဆင်မပြေတာလေးတွေဖြစ်ပါတယ်။ ကျွန်တော့်ပရိသတ်များ လက်ခံမယ်ဆိုရင်တော့ မူလလက်ဟောင်းထွက်တဲ့အခါမှာ Fan Meeting မျိုးလေးလုပ်ပြီး ဆိုပြချင်ပါတယ်။ ဒါမှမဟုတ်လည်း ပရိသတ်များခွင့်ပြုမယ်ဆိုရင် စျေးသိပ်မကြီးတဲ့ ပွဲလေးဖြစ်ဖြစ်လုပ်ပြီး ဖျော်ဖြေချင်ပါတယ်”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်ကို အသိပေးလာပါတယ်။

သူရဲ့ တေးသီချင်းတွေဟာဆိုရင်တော့ ပရိသတ်ကြီးနဲ့ ရင်ဘတ်ခြင်းထပ်တူကျတာလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က တေးသီချင်းတွေကို ရင်ဘတ်ကြီးနဲ့ ရင်းပြီးတော့ တေးအယ်လ်ဘမ်တွေကို အကောင်းဆုံး ကြိုးစားရေးသားဖော်ပြခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ချစ်ရတဲ့ ပရိသတ်တွေအတွက် တေးသီချင်းတွေကို ပျော်ပျော်ရွှင်ရွှင် သီဆိုဖျော်ဖြေဖို့ ခုလို အကြံဉာဏ်တွေ တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။

“ဒီပုံက စိုင်းစိုင်းဟုခေါ်သည် ထွက်တုန်းက Blazon မှာ လက်မှတ်ထိုးပြီး Pioneer မှာ Fan meeting လုပ်ခဲ့တုန်းက လက်ကမ်းကြော်ငြာလေးပါ။ အဲလို Idea မျိုးလေးပြန်စဉ်းစားကြည့်တာ”လို့ သူကဆက်ပြောပါတယ်။

၁၀ ခွေမြောက်ဖြစ်တဲ့ မူလလက်ဟောင်းရဲ့ ပထမဆုံး Single “နှစ်လေးငါးခြောက်ဆယ်” သီချင်းကို int’l music app က ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်က ဖြန့်ချိခဲ့တာလည်းဖြစ်ပါတယ်။ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ဒါရိုက်တာ ဩရသရိုက်ကူးထားတဲ့ “စိတ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *