MT News
၂၃. ၈. ၂၀၂၄
ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီးအား သီရိလင်္ကာနိုင်ငံ ကေလနိယတက္ကသိုလ် (Kelaniya University) က မနေ့က ဩဂုတ် ၂၁ ရက်မှာ Doctor of Literature (Honoris Causa)ဘွဲ့ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ ဒေါက်တာဘဒ္ဒန္တကောဝိဒသီရိ (သီတဂူစတား) ထံက သိရပါတယ်။
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူဆေးရုံတော်များနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ သီတဂူဆရာတော်ဘုရားကြီးကို ကေလနိယတက္ကသိုလ်က ဆက်ကပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ဟာ နိုင်ငံတကာကဆပ်ကပ်တဲ့ ခုနစ်ခုမြောက်ဘွဲ့ဖြစ်တယ်လို့ သိရပါတယ်။