November 10, 2024
photo_2024-08-23_09-49-15

၂၂.၈.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်မှ သြဂုတ်လ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ပျံတက်လာသော လေယာဉ်မှူးနှစ်ဦးနှင့် ခရီးသည်ခုနှစ်ဦးလိုက်ပါလာသည့် ဆက်စနာ ကာရာဗန် C208 အမျိုးအစားလေယာဉ်ငယ်တစ်စီးမှာ လေယာဉ်ကွင်းမှ ပျံတက်အပြီး ၁၀ မိနစ်အကြာတွင် Chachoengsao ပြည်နယ်အတွင်း Bang Pakong ခရိုင်၌ ပျက်ကျခဲ့ကြောင်း ရှေးဦးသတင်းများက ဖော်ပြခဲ့ကြသည်။

လေယာဉ်အပျက်အစီးများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက Chachoengsao ပြည်နယ်၊ Bang Pakong ခရိုင်၌ သြဂုတ်လ ၂၂ ရက် မွန်းလွဲပိုင်း၌ပင် ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်တွေ့ရှိခဲ့ကြ ခြင်းဖြစ်သည်။ လေယာဉ်ငယ်က ရွှံ့နွံထူထပ် သောမြေပေါ်သို့ ၁၀ မီတာခန့်အနက်ထိ လေယာဉ်ပေါက်ကွဲမှုမဖြစ်မီ ဦးစိုက်ပျက်ကျခဲ့ခြင်းဖြစ်ဟန်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့များက တွေ့ရှိခဲ့ကြသည်။

Chachoengsao ပြည်နယ် အုပ်ချုပ်ရေးမှူး ချွန်လာတီ ယန်ထရွန်က မြေတူးစက်တစ်ခုကိုအသုံးပြု၍ စုစုပေါင်း ကယ်ဆယ်ရေးအဖွဲ့အင်အား ၃၀၀ ခန့်က လေယာဉ်ပေါ်လိုက်ပါသွားသူများကို ရှာဖွေလျက်ရှိကြောင်း ပြောခဲ့သည်။

သိုသော် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု ၁၁ နာရီကြာသည်အထိ လေယာဉ်ပေါ်လိုက်ပါလာသူများ၏ ခန္ဓာကိုယ်များ(သို့မဟုတ်) ရုပ်အပိုင်းအစများကို လုံးဝမတွေ့ရှိ၍ သြဂုတ်လ ၂၃ ရက် နံနက် ၂ နာရီတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့ရကာ သြဂုတ်လ ၂၃ ရက်တွင် ဆက်လက်ရှာဖွေသွားမည်ဟု သိရသည်။

လေယာဉ်ပေါ်ပါခရီးသည် ခုနှစ်ဦးအနက် ငါးဦးက ကလေးငယ်သုံးဦးအပါအဝင် တရုတ်နိုင်ငံသားများဖြစ်ကာ လေယာဉ်မှူးနှစ်ဦးနှင့် ကျန်ခရီးသည်နှစ်ဦးက ထိုင်းနိုင်ငံသားများဖြစ်ကြောင်းသိရသည်။

တိုလေယာဉ်ငယ်က Thai Flying Service Company Limited ပိုင်လေယာဉ်ဖြစ်၍ ပျံသန်းမှုခရီးစဉ် TFT209 အရ နိုင်ငံအရှေ့ပိုင်း Trat ပြည်နယ်အတွင်း Trat လေဆိပ်သို့ ပျံသန်းလာခြင်းဖြစ်သည်။

Ref. Khaosod

Leave a Reply

Your email address will not be published. Required fields are marked *