September 20, 2024

၂၂.၈.၂၀၂၄.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်မှ သြဂုတ်လ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ပျံတက်လာပြီး ခရီးသည်ခုနှစ်ဦးလိုက်ပါကာ လေယာဉ်မှူးနှစ်ဦးမောင်းနှင်လာသော လေယာဉ်ငယ်တစ်စီးမှာ Chachoengsao ပြည်နယ်အတွင်း Bang Pakong ခရိုင်၌ ပျက်ကျခဲ့ကြောင်း သတင်းများအရ သိရသည်။

ဆက်စနာ ကာရာဗန် C208 အမျိုးအစားလေယာဉ်ငယ်က Thai Flying Service Company Limited ပိုင်လေယာဉ်ဖြစ်၍ ပျံသန်းမှုခရီးစဉ် TFT209 အရ နိုင်ငံအရှေ့ပိုင်း Trat ပြည်နယ်အတွင်း Trat လေဆိပ်သို့ ပျံသန်းလာခြင်းဖြစ်သည်။

လေယာဉ်ငယ်က ဘန်ကောက်မြို့လေဆိပ်နှင့် ၂ နာရီ ၅၇ မိနစ်တွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

Bang Pakong ခရိုင် ရဲအရာရှိများက လေယာဉ်အပျက်အစီးများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်တွေ့ရှိခဲ့ကြကြောင်း ပြောခဲ့ကြသည်။ သို့ရာတွင်လေယာဉ်ပေါ်ပါ လေယာဉ်မှူး(သို့မဟုတ်) ခရီးသည် စုစုပေါင်း ကိုးဦးနှင့်ဆက်စပ်၍ တစ်စုံတစ်ရာကို လေယာဉ်ပျက်ကျရာနေရာ၌ မတွေ့ရသေးကြောင်း သိရသည်။

Ref -Khaosod

Leave a Reply

Your email address will not be published. Required fields are marked *