September 20, 2024

၂၂. ၈. ၂၀၂၄
Written by Thettant

မနက်ဖြန် ဩဂုတ် ၂၃ ရက် ည ၇ နာရီမှာ ထိုးသတ်ကြမဲ့ One Championship ရဲ့ ဒီတစ်ပတ် One Friday Fight 76 မှာ သန့်ဇင်၊ အဲမွီ၊ ထွန်းမင်းနိုင်၊ ကရင်ပြည်နယ်နာမည်ကျော် သွေးလင်းထက်နဲ့ စစောသီဟ(စောစံမြ)တို့ ထိုးသတ်ကြမှာဖြစ်ပြီး ဒီနေ့မှာတော့ မြန်မာတွဲဆိုင်းငါးဆိုင်းလုံး ဆေးစစ်၊ ဝိတ်ချိန် အသင့်ဖြစ်နေပါပြီ။

မနက်ဖြန်မှာ မြန်မာဖိုက်တာ အဖွင့်ပွဲအဖြစ် ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင်က သုံးပွဲမြောက်မှာ ထိုင်းဖိုက်တာ ကော်ပိုင်နဲ့ ထိုးသတ်ပြီး စစိုးသီဟ(စောစံမြ) က ဂျပန်ဖိုက်တာ မာဆာတိုရှီ၊ အဲမွီကလည်း ဂျပန်ဖိုက်တာ တာကာဇိုနိုနဲ့ သုံးပွဲဆက်တိုက် ထိုးသတ်တာကို ကြည့်ရှုရမှာပါ။ အဲဒီနောက် ရှစ်ပွဲမြောက်မှာ သွေးလင်းထက်က ထိုင်းဖိုက်တာ ဂန်ချိုင်းနဲ့ ထိုးသတ်ပြီး ၁၁ ပွဲမြောက်မှာတော့ ဒုခေါင်ပွဲအဖြစ် သန့်ဇင်က ထိုင်းဖိုက်တာ ထိုင် နဲ့ ထိုးသတ်ရမှာပါ။

ဒီနေ့ပွဲကို One ရဲ့ Youtube အပြင် Skynet Sport 3 နဲ့ Skynet Sport HD က မြန်မာစံတော်ချိန် ည ၇ နာရီကစ တိုက်ရိုက်ထုတ်လွှင့်ပေးမှာလည်းဖြစ်ပြီး One ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး မြန်မာဖိုက်တာ ၅ ဦးကိုပွဲထုတ်ပေးခဲ့တဲ့ မနက်ဖြန်ညမှာ ဘယ်မြန်မာဖိုက်တာတွေက အလဲထိုးနဲ့နိုင်ပြီး ဆုကြေးတွေရမလဲဆိုတာ….။

Leave a Reply

Your email address will not be published. Required fields are marked *