September 20, 2024

၂၂.၈.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့ နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်အနီး၊ တိုင်းဒေသကြီး လွှတ်တော်အရှေ့လမ်းတွင် အသက် ၆၀ ကျော် အမျိုးသားကြီးတစ်ဦး ယာဥ်တိုက်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၂ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် အမျိုးသားတစ်ဦး ယာဥ်တိုက်ခံရ၍ လူတစ်ဦး သေဆုံးကြောင်း ပြည်သူတစ်ဦးမှ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံသို့ ဖုန်းဆတ်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

“ဖြတ်သွားသူက လှမ်းအကူအညီတောင်းတာပါ။ လူတစ်ယောက်လဲနေတယ်ဆိုပြီး။ ယာဥ်ထိန်းတွေပြောတာတော့ သူက လျှောက်သွားနေတာတဲ့။ အသက်က ၆၀ ကျော်ပြီ။ အဲ့နေရာရောက်တော့ လူနာက သေနေပြီ။ အလောင်းကပိုင်ရှင်မဲ့”ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယာဥ်တိုက်ခံရမှုကြောင့် သေဆုံးသွားသည့်ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။

ဓာတ်ပုံ – ရဲသူရိန်

Leave a Reply

Your email address will not be published. Required fields are marked *