September 20, 2024

၂၂. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့အနောက်ဘက်၊ Garnet လမ်းပေါ်ရှိ Terone Park ပန်းခြံအနီး သစ်ပင်များအတွင်းသို့ လူနှစ်ယောက်လိုက်ပါလာသော လေယာဉ်ငယ်တစ်စီးက ဩဂုတ်လ ၂၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့်၌ လေဆိပ်မှ ပျံတက်ပြီးမကြာမီ ပျက်ကျခဲ့ကြောင်းသိရသည်။

လေယာဉ်ငယ်မှာ မူလတန်းကျောင်းတစ်ကျောင်းအနီးတွင်ပျက်ကျခဲ့ခြင်းဖြစ်ပြီး အပျော်တန်းဆေးတပ်ဖွဲ့ဝင်များက လေယာဉ်ပျက်ကျရာနေရာသို့အရောက်တွင် လေယာဉ်ပေါ်ပါ အသက် ၃၇ နှစ်ရှိ အမျိုးသားနှင့် အသက် ၃၄ နှစ်ရှိအမျိုးသမီးတို့အား ကံကောင်းထောက်မစွာ အသေးအမွှားဒဏ်ရာများရလျက်သာတွေ့ရသည်။

သူနာတင်ယာဉ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါစုံတွဲက ၎င်းတို့အား သူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ သယ်ဆောင်သွားမည်ဆိုသည်ကိုပင် လက်မခံဘဲငြင်းပယ်ခဲ့ကြကြောင်းပြောခဲ့သည်။

လေယာဉ်က ဆစ်ဒနီမြို့ရှိ Bankstown လေဆိပ်မှ မွန်းလွဲ ၂ နာရီ ၂၃ မိနစ်တွင် ပျံတက်သွားခဲ့ပြီး ငါးမိနစ်အကြာ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းပျံသန်းရေးဆိုင်ရာတာဝန်ရှိသူများကပြောခဲ့ကြသည်။ လေယာဉ်ပျက်ကျရခြင်းအကြောင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Ref- Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *