September 20, 2024

၂၂. ၈. ၂၀၂၄
Written by Nay Moe

ချောက်မြို့နယ်၊ လေးပင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးကို PDF သုံးဖွဲ့ပေါင်းပြီး သွားရောက်သတ်ဖြတ်ရာမှာ အုပ်ချုပ်ရေးမှူးရဲ့ ဖခင်က ပြန်လည်ခုခံတာကြောင့် ခုခံတဲ့ အုပ်ချုပ်ရေးမှူးရဲ့ ဖခင်ဖြစ်သူကို PDF တွေက သေနတ်နဲ့သုံးချက် ပစ်ခတ်သတ်ဖြတ်လိုက်တာကြောင့် နေရာတင်သေဆုံးသွားတယ်လို့ သတ်ဖြတ်တဲ့ PDF တွေက ဒီနေ့မှာ ဝန်ခံချက်ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်မှာ NUG ဩဇာခံ PDF အဖွဲ့တွေဖြစ်တဲ့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ ချောက်မြို့နယ်၊ လေးပင်ကုန်းကျေးရွာကအုပ်ချုပ်ရေးမှူး ဦးမင်းမင်းသန့်ကို Oak Awe UG မြို့ပြပြောက်ကျားအဖွဲ့၊ Chauk Guerrilla Force (C.G.F) Burma Revolution Rangers တို့နဲ့ ပူးပေါင်းပြီး ဩဂုတ် ၂၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ရာမှာ ဦးမင်းမင်းသန့်ရဲ့ ဖခင်က ပြန်လည်ခုခံလို့ ဦးမင်းမင်းသန့်က ထွက်ပြေးလွတ်မြောက်သွားတာပါ။

ဒါကြောင့်မို့လို့ PDF သုံးဖွဲ့ကို ပြန်လည်ခုခံတဲ့ ဦးမင်းမင်းသန့်ရဲ့ ဖခင်ဖြစ်သူ အသက် ၇၀ ကျော် အဘိုးအိုကို သေနတ်နဲ့ (၃)ချက်ပစ်ခတ် သတ်ဖြတ်လိုက်ကြတာပါ။

NUG၊ PDF တွေရဲ့ နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာ တော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, CRPH, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *