September 20, 2024

၂၂. ၈. ၂၀၂၄
Written by Nay Moe

လက်နက်ကိုင် PDF ၆ ဦးက မုံရွာမြို့ပေါ် ဝင်ရောက်ပစ်ခတ်သတ်ဖြတ်တာကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာတောင်ရပ်ကွက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသား ၃ ဦး၊ ကလေးငယ် ၂ ဦးသေဆုံးကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါရပ်ကွက်နေ ဦးဇော်ညွန့်(၄၈)နှစ်ဟာ သမီးဖြစ်သူ မအိမ်ဂျယ်မိုး (၉)နှစ်၊ နတ်လူထိပ်ပန်ရပ်ကွက်နေ ဦးကျော်ဇေယျ(၄၅)နှစ်၊ နန္ဒဝန်ရပ်ကွက်နေ ဦးကျော်ဇင်မင်း(၄၅)နှစ်၊ မုံရွာတောင်ရပ်ကွက်နေ ဦးသီဟအောင်(၃၅)နှစ်နဲ့ သားဖြစ်သူ မောင်ဇွဲသီဟမာန်(၄)နှစ်တို့နဲ့အတူ နေအိမ်ရှေ့မှာ ရှိနေချိန် PDF ၆ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့တာကြောင့် ဦးဇော်ညွန့်၊ မအိမ်ဂျယ်မိုး၊ ဦးကျော်ဇေယျ၊ ဦးကျော်ဇင်မင်းနဲ့ မောင်ဇွဲသီဟမာန်တို့ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသီဟအောင်ဟာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူတွေကို မုံရွာမြို့နယ် ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးသူ ဦးဇော်ညွန့်ဟာ သဲထုတ်လုပ်သူ လုပ်ငန်းရှင်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်နွှယ်အလုပ်လုပ်ကိုင်တယ် စွပ်စွဲချက်နဲ့ လာရောက်သတ်ဖြတ်ချိန် အတူရှိနေတဲ့ ကလေးသူငယ်ပါမချန် အကုန်လုံးကို ပစ်ခတ်သတ်ဖြတ်သွားကြတာလို့လည်း ဒေသတွင်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *