September 20, 2024

၂၂. ၈. ၂၀၂၄
Written by Nay Moe

အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရာအိမ်မှူးနှစ်ဦးအပါအဝင် အမျိုးသားငါးဦးကို PDF များက တစ်နေ့တာအတွင်း လုယက်သတ်ဖြတ်မှု ဩဂုတ် ၁၉ ရက် တစ်နေ့တာအတွင်း ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ် တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ သဲကောကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အုတ်ဖိုမြို့နယ်၊ အုန်းပင်စုကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ဝင်း(၄၈)နှစ်သည် ၎င်း၏နေအိမ်မှ သဲကောကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် သဲကောကျေးရွာလမ်းမပေါ် အရောက်၌ PDF သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် နောက်မှ မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်၍ ဦးအောင်ဝင်း၏ ဆိုင်ကယ်တစ်စီး၊ ငွေနှစ်သိန်းကျပ်နှင့် မှတ်ပုံတင်တို့အား လုယက်ယူ ဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ အမှတ်(၁) ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးကျော်သူအေး(၃၇)နှစ်သည် ရပ်ကွက်လမ်းမပေါ်၌ ရှိနေစဉ် PDF (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးကျော်သူအေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၇ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးများဖြစ်ကြသည့် ဦးဆန်းရွှေ(ခ)ကြယ်စင်အောင် (၅၃)နှစ်နှင့် ဦးမောင်ဖြူ(၆၅)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဆန်းရွှေ(ခ) ကြယ်စင်အောင်နှင့် ဦးမောင်ဖြူတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ည ၉ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးအောင်သက်ထွေး(၃၁)နှစ်သည် ၎င်းပိုင် “ဖိုးချစ်” ဖုန်းရောင်း/ဝယ်ရေးဆိုင်ရှေ့၌ ရှိနေစဉ် အကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်သက်ထွေးတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိခဲ့၍ ဆေးကုသနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *