September 20, 2024

၂၂.၈.၂၀၂၄
Written by KL

အမြန်လမ်းမကြီး၊ ဒိုက်ဦးမြို့နယ်အပိုင်၊ နေပြည်တော်- ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် ၆၉/၅ နှင့် ၆၉/၆ ဖာလုံကြားတွင် သြဂုတ်လ ၂၁ ရက် ည ၉ နာရီ ၁ဝ မိနစ်ခန့်က တရားမဝင် ကျွန်းခွဲသားများတင်ဆောင်လာသော မော်တော်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကာ ယာဥ်မောင်းထွက်ပြေးသွားကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

TOYOTA HIACE အမျိုးအစား အဖြူရောင်မော်တော်ယာဥ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်စဥ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်တွင် တရားမဝင် ကျွန်းသစ်ခွဲသားများ တင်ဆောင်လာသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်၏ ရှေ့နောက်ဘယ်ညာလေကာမှန်များကွဲအက်၍ အမိုးနှင့် ဘယ်ဘက်ကားကိုယ်ထည်ပိန်ချိုင့်ခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကို ဥသျှစ်ကုန်း အမြန်လမ်း နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မော်တော်ယာဥ်ထားကာ ထွက်ပြေးသွားသော ယာဥ်မောင်းကို ပုဒ်မ ၂၇၉/၂၀၂ ဖြင့် ဥသျှစ်ကုန်း အမြန်လမ်းရဲစခန်းက အမှုဖွင့်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *