September 20, 2024

၂၂.၈.၂၀၂၄
Written By Thandar

ခန္ဓာကိုယ် ကောက်ကြောင်းလှလှလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ် သရုပ်ဆောင် ရွှေစင်ရဲ့ မွေးနေ့မှာ ဘဝအတွက် ကောင်းမှုကုသိုလ်တွေနဲ့ ပါရမီဖြည့်ရင်း နှစ်စဥ်ဖြတ်သန်းခွင့်ရလို့ပျော်ပါတယ်လို့ ရင်ဖွင့်လာပါတယ်။

“ဇင်ရဲ့ မွေးနေ့ရဲ့ ပထမအလှူအနေနဲ့ အမြဲတမ်းလှူနေကြ မှန်ကင်းကျောင်းတိုက်မှာ ဆရာတော်တွေ သံဃာတော်တွေကို နေ့ဆွမ်းရယ် ဝတ္ထုငွေ ဆက်ကပ်ပါတယ်။ ဆရာတော့်ကျောင်းက မိဘမဲ့ စာသင်ကျောင်းသား ကလေးတွေအတွက်လည်း တကယ်လိုအပ်တဲ့ အဝတ်အစားတွေ မုန့်ရယ် ကလေးတွေပျော်သွားအောင် အရုပ်လေးတွေပါ လှူဖြစ်ပါတယ်။ သံဃာတော်တွေ တစ်ပါးစီလည်း ဝတ္ထုလေး ဆက်ကပ်ဖြစ်ပါတယ်။ ဇင်က ဒီကျောင်းမှာ ဒကာအရင်းလိုလည်းဖြစ်နေပြီဆိုတော့လေ။ ဇင်တတ်နိုင်တာလေးနဲ့ မွေးနေ့ ပါရမီဖြည့်ခွင့်ရလို့လည်း ပျော်ပါတယ်။ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းဖြစ်တဲ့ မွေးနေ့လေးပါ။ မြင်သူတိုင်း ကြည်နူးကြပါစေ။ ကုသိုလ်ထပ်တူရကြပါစေ” လို့ သရုပ်ဆောင် ရွှေစင်က MT Entertainment ကို ပြောပါတယ်။

ရွှေစင်ကတော့ ဩဂုတ်လ ၂၁ ရက်နေ့က ကျရောက်တဲ့ သူမရဲ့ မွေးနေ့ ပထမအလှူအနေနဲ့ ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ မှန်ကင်းပရဟိတ ဘုန်းတော်ကြီးသင်စာသင်ကျောင်းမှာ သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနဲ့ ဝတ္တုငွေတွေလည်း ဆက်ကပ်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ကျောင်းရှိ မိဘမဲ့ကလေးငယ်တွေအတွက်လည်း နေ့လည်စာ အာဟာရဒါန၊ အင်္ကျီနဲ့ပုဆိုး၊ အဝတ်အထည်တွေရယ်၊ မုန့်နဲ့ အရုပ်တွေကို ပေးဝေလှူဒါန်းခဲ့ပါတယ်။ သူမကတော့ မွေးနေ့အလှူနဲ့ ပတ်သက်ရင်း ၄ ကြိမ်လောက်ကို လှူဒါန်းမှူတွေနဲ့အတူ ဖြတ်သန်းလျက်ရှိသူလည်း ဖြစ်ပါတယ်။

“ဇင့်အနေနဲ့ အသက်တစ်နှစ်ကြီးသွားလို့ ခံစားချက်တွေတော့ အလှူအတန်းတွေဖြတ်သန်းရလို့ ကျေနပ်ပါတယ်။ ကိုယ်တိုင်ကတော့ တစ်နှစ်မှာ ဘယ်လိုနေရာမှာ မှားသွားတာလေးရှိလည်း လိုအပ်ချက်တွေရှိမလဲဆိုတော့ သုံးသပ်ကြည့်ပါတယ်။ တစ်နှစ်အသက်ကြီးသွားရယ်လို့မှ မဟုတ်ပါဘူး။ မိုးလင်းတာနဲ့အားလုံးက အသစ်ဖြစ်နေတာပါပဲ။ ဇင်ကိုယ်တိုင် လိုအပ်တဲ့နေရာလေးမှာ လိုက်ပြီးလှူဖြစ်ပါတယ်။ လှူတိုင်းလည်း ဇင် ကျေနပ်ပီတိဖြစ်ပါတယ်။ ဇင့်မွေးနေ့မှာ ကိုယ်နဲ့အလုပ်တူလုပ်တဲ့ စိန်ဆိုင်တွေနဲ့ မန္တလေးက မွေးနေ့အမှတ်တရအနေနဲ့ ပို့ပေးကြတဲ့ သူအားလုံး ကျေးဇူးတင်ပါတယ်။ ကိုယ်နဲ့အလုပ်လုပ်သူတို့ကြောင့်လည်း ပျော်ရပါတယ်။ သူများအတွက်သာမန်ရက်လေးဆိုပေမယ့် မွေးနေ့ရှင်အတွက် တကယ်ကိုအရမ်း အမှတ် တရရက်လေးမှာ ဆုတောင်းလေး တစ်ခုကအစ ဇင့်အတွက် အားရှိရပါတယ်။ ဇင့်ကို အမှတ်တရရှိပေးကြလို့ ချစ်ပေးကြလို့လည်း ဝမ်းသာလို့ကို မဆုံးပါဘူး” လို့ သူမက ဆက်ပြောပါတယ်။

ရွှေစင်ရဲ့ မွေးနေ့မတိုင်ခင်ကတည်း လုပ်ငန်းအတူ တွဲဖက်လုပ်ကိုင်ကြသူတွေက အမှတ်တရလက်ဆောင်တွေပို့ပေးခဲ့သလို ချစ်သူကြသူတွေက Birthday Surprise တွေ လက်ဆောင်တွေပို့ပေးခဲ့ကြလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *