September 20, 2024

၂၂. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်ရာ ဆူရတ်သာနီပြည်နယ်အတွင်းရှိ ကော့ပငန်းကျွန်း၌ မြန်မာအမျိုးသမီးဆိုင်ပိုင်ရှင်တစ်ဦးက ကုန်မျိုးစုံဆိုင်တစ်ခုကို ဥပဒေနှင့်မညီ ဖွင့်လှစ်ကာ ခိုးသွင်းစီးကရက်များနှင့် အခြားမှောင်ခိုကုန်ပစ္စည်းများရောင်းချနေမှုကို ထိုင်းရဲတပ်ဖွဲ့က ဩဂုတ်လ ၂၁ ရက်တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒေသခံတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဒေသရဲအရာရှိများက အသက် ၃၆ နှစ်ရှိ ဒေါ်အေးအိခိုင်ဦး ဖွင့်လှစ်ထားသော ကုန်မျိုးစုံဆိုင်အား ဝင်ရောက်စီးနင်းရှာဖွေ၍ ဆိုင်ရှင်ကိုလည်းဖမ်းဆီးခဲ့ကြောင်း သတင်းများအရ သိရသည်။

၎င်းတို့က အသင့်စားခေါက်ဆွဲထုပ်များ၊ ငါးစည်သွပ်ဘူးများ၊ ကော်ဖီနှင့် နိုင်ငံခြားစီးကရက်များ အပါအဝင် တရားမဝင်ကုန်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။

ဆိုင်ပိုင်ရှင်အမျိုးသမီးအား စီးပွားရေးလုပ်ငန်းတစ်ခုကို နိုင်ငံခြားသားတစ်ဦးက ခွင့်ပြုချက်မရှိဘဲ တရားမဝင်ဖွင့်လှစ်မှုဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

အဆိုပါဆိုင်တွင် တွေ့ရှိရသော မြန်မာအမျိုးသားနှစ်ဦးဖြစ်သည့် အသက် ၂၇ နှစ်ရှိ စိုးမင်းနိုင်အား ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေထိုင်ရန် ခွင့်ပြုကာလထက် ကျော်လွန်၍ လုပ်ကိုင်နေမှုဖြင့်လည်းကောင်း၊ ဆိုင်တွင်ဈေးဝယ်ယူသူတစ်ဦးဖြစ်သော အသက် ၂၈ နှစ်ရှိ ဖြိုးဝေစိုးအား နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့်လည်းကောင်း ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။

၎င်းတို့သုံးဦးစလုံးအား ကော့ပငန်းရဲစခန်းသို့ တရားဥပဒေအရ အရေးယူနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်းလည်း သိရသည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *