၂၂. ၈. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်းက PDF တွေဟာ အုပ်ချုပ်ရေးမှူးတွေကို အဓိကထား လိုက်လံသတ်ဖြတ်နေပေမဲ့ ဖမ်းဆီးရမိမှု မရှိသလောက်နည်းပါးသလို လက်ရှိမှာလည်း ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူကို ပေါင်းတည် PDF နှစ်ဖွဲ့ပေါင်း သတ်ဖြတ်လိုက်ကြပြန်ပါတယ်။
ဖြစ်စဥ်က ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းအုပ်စု ချောင်းကောင်းရွာနေအုပ်ချုပ်ရေးမှူး ဦးညွန့်နိုင်(ခ) ကျောက်ဒိုးကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆ဝ၁ PPDF တပ်ရင်း တပ်ခွဲ (၃) )နဲ့ ပေါက်ခေါင်း (ပကဖ ) တို့က မနေ့က ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ဦးညွန့်နိုင် နေအိမ်အတွင်း သွားရောက်ပစ်ခတ်သတ်ဖြတ်လို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
ဦးညွန့်နိုင်ဟာ လုံခြုံရေးတပ်ဖွဲ့နဲ့ ပေါင်းပြီး ကျေးရွာအုပ်စုအတွင်း ပြည်သူတွေကို စစ်မှုထမ်းဖို့ခေါ် ဆောင်တာ၊ ငွေတောင်းခံတာ၊ ပေါ်တာဆွဲရာမှာ အချိန်ပြည့်လိုက်ပါဆောင်ရွက်ပေးနေတာကြောင့် သတ်တယ်လို့ ပေါင်းတည် PDF ရဲ့ ဒီနေ့ ဩဂုတ် ၂၂ ရက် ထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့ MT News က ဒီစွပ်စွဲချက်တွေ မှန် မမှန် အတည်မပြုနိုင်ပါဘူး။
ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရပါတယ်။