September 20, 2024

၂၂ .၈ .၂၀၂၄
Written by Hey Mar

လမ်းဖြတ်ကူးလာတဲ့ လူငယ်နှစ်ဦးကို ဟိုက်ဂျက်ယာဉ်က တိုက်ပြေးတာကြောင့် ပြင်းထန်စိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က ဩဂုတ်လ ၂၁ ရက် ည ၁၁ နာရီ ဝန်းကျင်က သကေတမြို့နယ် ၈ ရပ်ကွက် သာကေတအဝိုင်းနဲ့ ကမာကြည်တံတားကြားမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်ကိုကြားသိလိုက်တဲ့ တာဝန်သိပြည်သူတစ်ဦးက လူမှုကူညီရေးအသင်းတွေဆီ ဆက်သွယ်အကူအညီတောင်းတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီအကြောင်းကြားပြီး ဖြစ်စဉ်ကိုနေရာ ရောက်ရှိကူညီခဲ့တာလို့လည်း သိရပါတယ်။

“အတိုက်ခံရတဲ့ လူငယ်တွေက အသက် ၂၀ ကျော်လောက်ပဲရှိဦးမယ်။ နှစ်ဦးစလုံးဒဏ်ရာတွေ စိုးရိမ်ရပေမယ့် တစ်ဦးက လုံးဝသတိမရတော့ဘူး” လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်စဥ်ကို သက်တိုင်ရာတာဝန်ရှိသူ‌တွေက CCTV တွေကနေတစ်ဆင့် ရှာဖွေနေပြီး ယာဉ်တိုက်ခံရတဲ့လူငယ်နှစ်ဦးကို လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်တွေနဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ကာ မိသားစုနဲ့ ချိတ်ဆက်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *