MT News
Written by Min Mahar
ပုလိပ်မြို့ရှိ KTV ဆိုင်တစ်ဆိုင်အား စဥ့်ကိုင် PDF က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့ရှိ မင်းထက်ကျော် KTV ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်က အမည်မသိအမျိုးသားနှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် လက်ပစ်ဗုံးတစ်လုံးလာရောက်ပစ်ပေါက်သွားကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို Local People’s Defence Force SINTGAING (LPDF-Sintgaing )အဖွဲ့ကလုပ်ဆောင်ခဲ့သည်ဟုလည်း စဥ့်ကိုင် PDF က ထုတ်ပြန်ထားသည်။
အဆိုပါရုပ်သံတွင် အမျိုးသားလူငယ်တစ်ဦးက ရှေ့မှလမ်းလျှောက်သွားပြီး ဆိုင်ကယ်တစ်စီးက အနောက်မှ ကပ်လိုက်လာကာ ၎င်းလူငယ်ကိုကျော်တက်သွားစဉ် လမ်းလျှောက်နေသည့်လူငယ်မှ ခြံဝန်းအတွင်းသို့ လက်ပစ်ဗုံးနှင့် ပေါက်ကာ ဆိုင်ကယ်ပေါ်ပြေးတက်သွားပြီးနောက် မောင်းထွက်သွားသည်ကို တွေ့ရသည်။
၎င်းပေါက်ကွဲမှုကို MT News သတင်းဌာနအနေဖြင့် မင်းထက်ကျော် KTV ကို လူအဆောက်အဦထိခိုက်မှု ရှိ မရှိ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖုန်းကိုင်ခြင်းမရှိသေးသဖြင့် ဆက်သွယ်မှုရရှိသည်နှင့် ပြန်လည်တင်ပြပေးမည် ဖြစ်သည်။