September 20, 2024

၂ ဦး ထိခိုက်ဒဏ်ရာရသော်လည်း မစိုးရိမ်ရ

၂၁.၈.၂၀၂၄
Written By Zun

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်း-ကလောလမ်းခွဲလွယ်အံကျေးရွာအနီး မိုင်တိုင်အမှတ် ၇၆/၂ နှင့် ၇၆/၃ အကြားတွင် ဆီဘောက်ဆာယာဉ်တစ်စီးတိမ်းမှောက်ပြီး သယ်ဆောင်လာသော ဒီဇယ်ဆီများယိုဖိတ်မှု ယနေ့ သြဂုတ်လ ၂၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှုကြောင့် သယ်ဆောင်လာသော ဒီဇယ်ဆီများအားလုံး ယိုဖိတ်ခဲ့ ကြောင်း၊ အဆိုပါယာဥ်တိမ်းမှောက်မှုကို ကလောမြို့နယ်မီးသတ်စခန်းနှင့် အောင်ပန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဥ်သုံးစီးဖြင့် မီးမလောင်အောင် အအေးပေးလုပ်ဆောင်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသည့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်ကို အောင်ပန်းမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

“မနက် ၁၁ နာရီကျော်လောက်က အောင်ပန်း-ကလောလမ်းခွဲ လပ်ကီးဆဲဗင်း စက်သုံးဆီဆိုင်နားက အကွေ့အကျော် နားလေးမှာ ဖြစ်တာပါ။ ဒဏ်ရာရတဲ့ ၂ ယောက်ကို အောင်ပန်းဆေးရုံရဲ့ အရေးပေါ်ဌာနကို ပို့ခဲ့ပါတယ်။လူနာတွေက မစိုးရိမ်ရပါဘူး။ လက်အရိုးတွေ ကျိုးသွားတာ”ဟု နာရေးကူညီမှုအဖွဲ့ (အောင်ပန်း )၏ တာဝန်ရှိသူက MT News ကို ပြောသည်။

ဓာတ်ပုံ-နာ/ကူ (အောင်ပန်း)

Leave a Reply

Your email address will not be published. Required fields are marked *