September 20, 2024

◾️ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

၂၁. ၈. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Ms. Ma Jia သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့သည်။

သံအမတ်ခန့်အပ်လွှာ ပေးအပ်ပြီးနောက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအနေဖြင့် ရှည်လျားသည့် သမိုင်းကြောင်းများရှိမှုနှင့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ယခင်ကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက်ထားသည့် နိုင်ငံများဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တင်ရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် နှစ်နိုင်ငံအကြားနယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ရပ်တည်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ် တရုတ်နိုင်ငံအနေဖြင့်ဆက်လက် ထောက်ခံရပ်တည် ပေးသွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *