September 20, 2024

၂၁.၈. ၂၀၂၄
Written by Thettant

အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံသည် ILO နှင့် ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism NCM) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါ မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိရုံး(ရန်ကုန်)နှင့် အခြားအဖွဲ့အစည်းများမှတစ်ဆင့်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၁)၊ နေပြည်တော်သို့ လူကိုယ်တိုင်(သို့မဟုတ်) စာဖြင့်သော်လည်းကောင်း ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇- ၃၄၃၀၂၇၄ နှင့် E-mail လိပ်စာ [email protected], [email protected],[email protected] များသို့လည်းကောင်း တိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများ လုံခြုံစိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရုံးအဖွဲ့၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *