၂၁.၈.၂၀၂၄
Written By Thandar
ကာရိုက်တာမျိုးစုံကို ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်ခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်ရဲ့မိခင် ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ကထိန် အလှူဒါယိကာမကြီး ဒေါ်သိန်းသိန်း အသက်(၉၃)နှစ်ရဲ့ နောက်ဆုံးခရီးကို ယနေ့ ဩဂုတ်လ ၂၁ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
အဆိုပါနာရေးကိုတော့ အနုပညာအသိုင်းအဝိုင်းက ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ စည်သူဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး စတဲ့သူတွေအပြင် အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီ ဝေဠုကျော်၊ ခင်သန်းနွယ်၊ အကယ်ဒမီမြင့်မြတ်တို့ဇနီးမောင်နှံ၊ ထွန်းကိုကို၊ ရန်အောင်တူဖြစ်သူ ကောင်းဇံဟိန်း၊ ဘိုမ၊ မမဆောင်း စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အဖွား ဒေါ်သိန်းသိန်း နားရေးကိုတော့ ဩဂုတ်လ ၂၁ ရက် နံနက် ၁၁ နာရီခွဲမှာတော့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်း နေအိမ်ကနေ ကားတွေစတင်ထွက်ခွာခဲ့တာလည်း ဖြစ်ပါတယ်။
ရန်အောင်ရဲ့ မိခင် ဒေါ်သိန်းသိန်း အသက်(၉၃)နှစ်ဟာ ဩဂုတ်လ ၁၉ ရက် တနင်္ဂလာနေ့ နံနက် ၁၂ နာရီ ၄၃ မိနစ် က လူကြီးရောဂါနဲ့ ရန်ကုန်မြို့ရှိမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။