November 10, 2024
photo_2024-08-21_13-49-20

၂၁. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဟောလီဝုဒ်ရုပ်ရှင်လောကမှာ နာမည်ကျော်ကြားလှတဲ့ အမေရိကန်အဆိုတော်ရုပ်ရှင်မင်းသမီး ဂျနီဖာလိုးပက်ဇ်ဟာ စတုတ္ထမြောက်ခင်ပွန်းဖြစ်သူ အမေရိကန်ရုပ်ရှင်မင်းသားနဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဘန်အက်ဖလက်နဲ့ လက်ထပ်မင်္ဂလာသက်တမ်း နှစ်နှစ်အကြာမှာ ကွာရှင်းပြတ်စဲကြဖို့ ဩဂုတ်လ ၂၀ ရက်မှာ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ လက်မှတ်ရေးထိုးခဲ့ကြပြီး တိုက်တိုက်ဆိုင်ဆိုင် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၀ ရက်မှာ ဂျော်ဂျီယာပြည်နယ်မှာ တရားဝင်လက်ထပ်မင်္ဂလာအခမ်းအနားကျင်းပခဲ့ကြလို့ နှစ်နှစ်ပြည့်တဲ့နေ့မှာပဲ လော့စ်အိန်ဂျယ်မြို့တရားရုံးမှာ တရားဝင်ကွာရှင်းခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၀၀ ပြည့်လွန်နှစ်တွေထဲက သူတို့နှစ်ဦးရဲ့ အချစ်ဇတ်လမ်းစခဲ့တာလို့ ဆိုရမှာဖြစ်ပြီး အဲဒီတုံးကဆိုရင် သူတို့ နှစ်ဦးအတွဲကို နှစ်ဦးစလုံးရဲ့အမည်စာလုံးလေးတွေပါဝင်ပြီး “Bennifer” လို့တောင် အမည်ပေးခေါ် ခဲ့ကြတာပါ။ နာမည်ကြီးသရုပ်ဆောင်အတွဲတွေထဲမှာတော့ လူပြောအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာ နှစ်ဦးသား ကွဲပြဲခဲ့ကြပြီး လက်ထပ်သည်အထိ မရောက်ခဲ့ကြပါဘူး။

ဒီနောက်မှာတော့ ဂျနီဖာလိုပက်ဇ်က တတိယခင်ပွန်း အန်တိုနီနဲ့ လက်ထပ်ခဲ့သလို ဘန်အက်ဖလက်ကလည်း အမေရိကန် ရုပ်ရှင်မင်းသမီး ဂျနီဖာဂန်းနာနဲ့ လက်ထပ်ခဲ့ပါတယ်။

တစ်ခါ သူတို့ရဲ့ အိမ်ထောင်ဖက်အသီးသီးကနေကွာရှင်းခဲ့ကြပြီးတဲ့နောက် ၂၀၂၁ ခုနှစ်မှာတော့ ဘန်အက်ဖလက်နဲ့ ဂျနီဖာလိုးပက်ဇ်တို့နှစ်ဦး ပြန်လည်တွေ့ ဆုံခဲ့ကြကာ သူတို့အချစ်ဇတ်လမ်းကို ပြန်လည်ဆန်းသစ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။

နှစ်ဦးစလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ သူတို့နှစ်ဦးရဲ့ ကွာရှင်းပြတ်စဲမှုနဲ့ပတ်သက်လို့ မေးမြန်းချက်တွေကို တစ်စုံတစ်ရာဖြေကြားခြင်းမရှိကြသေးပါဘူး။

Ref. Indian Express

Leave a Reply

Your email address will not be published. Required fields are marked *