September 20, 2024

၂၁ .၈.၂၀၂၄
Written by Hey Mar

လမ်းဆုံမီးပွိုင့်ကနေ ကွေ့ထွက်လာတဲ့ စားသုံးဆီတင်ယာဉ် စလစ်ဖြစ်ကာ တိမ်းမှောက်တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သမဝါယမကောလိပ်ရှေ့မှာ ဒီနေ့ ဩဂုတ်၂၁ ရက် နေ့လယ် ၁၂ နာရီ‌ကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဥ်က စားအုန်းဆီပေပါ အလုံး ၂၀ ကျော် တင်ဆောင်လာပြီး မိုးရွာထားတဲ့ကတ္တရာလမ်း‌ပေါ် မီးပွိုင့်ကွေ့ ကြောကနေ ကွေ့လိုက်စဉ်မှာ ဝိတ်ကြောင့်စလစ်ဖြစ်တိမ်းမှောက်တာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ လူနာမရှိဘူးလို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်နေရာရှင်းလင်းမှုကို သန်လျင်မီးသတ်တပ်ဖွဲ့က မီးသတ်ရေယာဥ်တစ်စီး လာရောက်ဆေးကြောရှင်းလင်းပေးခဲ့ပြီး ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တွေအပါ အင်အား၂၀ ခန့်က ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *