September 20, 2024

၂၁.၈.၂၀၂၄
Written By Thandar

ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ရဟန္တာ ၈၀ ပေါ်တော်မူကျောင်းတိုက်ဝင်းအတွင်း တည်ထားလျက်ရှိတဲ့ အမြင့်ပေ ၁၈၀ ရှိ “ဗုဒ္ဓဓာတ်ကမ္ဘာ့လွှမ်းခြုံဘုရားကြီး” ဆေးခြယ်သဖို့အတွက် ခုနှစ်ရက်သားသမီးတွေ ပါဝင်လှူဒါန်းဖို့ သရုပ်ဆောင် ဟိန်းရတုက နိဗ္ဗာန်ဆော်ခဲ့ပါတယ်။

“ရွှေတောင်က မှဲ့ရှင်ဆရာတော်ကြီးရဲ့ ဝိဇာတမွေးနေ့အလှူအနေနဲ့ ဘသီ@ဒါရိုက်တာမောင်သီ ဦးဆောင်တဲ့အတွက် နွေးတို့ အနုပညာမောင်နှတွေ မေတ္တာနဲ့ ပါဝင်အားဖြည့်ခဲ့ပါတယ်။ အမြင့်တောင် ၁၈၀ ကမ္ဘာလုံးဘုရားကြီးကို တည်ထားတာပါ။ ဒီဘုရားကြီးကတော့ တစ်ကမ္ဘာလုံး အေးချမ်းသာယာပြီး မေတ္တာဓာတ်တွေ လွှမ်းခြုံပြီးတော့ ကမ္ဘာကြီးကို ဆေးရောင်ခြယ်မှာပါ။ ခုနှစ်ရက်သားသမီးတွေ လှူဒါန်းချင်ကြတဲ့သူတွေ ဘသီရဲ့အကောင့်ကို တင်ပေးထားပါတယ်။ သဒ္ဓါဓာတ်က အဓိကပါ။ နည်းတယ် များတယ်မဟုတ်ပါဘူး”လို့ တေးသံရှင် နွေးနွေးချစ်ဖွယ်က ပြောပါတယ်။

ဒီအလှူအတန်းနဲ့ ပတ်သက်ပြီး သာသနာပြု ဒါရိုက်တာ မောင်သီ(ဘဘသီ)ဦးစီးတဲ့ အနုပညာရှင်အဖွဲ့တွေက ဒါရိုက်တာ မောင်သီ၊ ဟိန်းရတု၊ သုတအောင်၊ နွေးနွေးချစ်ဖွယ် စတဲ့သူတွေက မှဲ့ရှင်ဆရာတော် အရှင်ခေမာစာရရဲ့ အသက်တော် ၉၂ ပြည့် ဝိဇာတမွေးနေ့အလှူကို ရွှေတောင်မြို့ ဗုဒ္ဓဓာတ်ကန္တလွှမ်းခြုံဘုရားကြီး လေဟာပြင်စတိတ်စင်ပွဲကိုလည်း ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

ရဟန္တာ ၈၀ ပေါ်တော်မူဝင်းအတွင်းမှာ တည်ထားလျက်ရှိတဲ့ အမြင့်ပေ ၁၈၀ ရှိ ဘုရားကြီးကို ဆေးခြယ်သဖို့အတွက် သိန်း ၃၀၀ ကျော် နီးပါးကုန်မယ်လို့လည်း သိရပါတယ်။ အဆိုပါ ဗုဒ္ဓဓာတ်ကမ္ဘာ့လွှမ်းခြုံဘုရားကြီးမှာ ကမ္ဘာလုံးကြီးကို ဆေးခြယ်ဖို့အတွက် ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ Than Lwin ရဲ့ K pay 095135352 ကို တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ ဆရာတော်ကြီး မွေးနေ့မှာ နှစ်တိုင်းဖျော်ဖြေကြတယ်။ မေတ္တာဓာတ်လွှမ်းခြုံတဲ့ သဘောပါ။ ဒီအချိန် တစ်ယောက်ထဲ လှူဒါန်းဖို့ကလည်း ခက်ခဲကြတယ်လေ။ တကယ်လို့ ကျွန်တော်ဆီက တစ်ဆင့်လည်း လှူဒါန်းနိုင်ပါတယ်။ ငွေကြေးနည်းတယ်များတာရယ်လို့ မဟုတ်ပါဘူး။ ကုသိုလ်လည်း အများကြီးရတယ်”လို့ သရုပ်ဆောင် ဟိန်းရတုကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *