၂၁. ၈. ၂၀၂၄
Written by Thettant
ဂျပန်နိုင်ငံ၊ ချီးဘားမြို့တွင် ပြုလုပ်လျက်ရှိသော U – 12 Junior Soccer World Challenge 2024 ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ ယူ ၁၂ အသင်းသည် ယနေ့နံနက် ကစားခဲ့သည့် FC Basara Hyogo နှင့် ပွဲစဥ်တွင် ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး ၃၂ သင်း အဆင့်သို့ အုပ်စုပထမဖြင့် တက်ရောက်နိုင်ခဲ့သည်။
မြန်မာ ယူ ၁၂ အသင်းသည် ၃၂ သင်းအဆင့် ပွဲစဥ်အဖြစ် ယနေ့ နေ့လယ် ၁၂ နာရီ(မြန်မာစံတော်ချိန်) တွင် FC Zero အသင်းနှင့် ယှဥ်ပြိုင်ကစားနေပြီဖြစ်သည်။
မြန်မာယူ -၁၂ အသင်းသည် U – 12 Junior Soccer World Challenge အုပ်စု ပွဲစဥ်များတွင် ဂျပန်အသင်းများဖြစ်သော Tozuka Football Club Junior အသင်းကို ၂ – ၁ ဂိုးဖြင့် အနိုင်ရပြီး Kashima Antlers Norte အသင်းကို ၁ – ၁ ဂိုးသရေကျ၍ FC Basara Hyogo အသင်းကို၂ – ၀ ဂိုး ဖြင့် အနိုင်ရကာ ရှုံးပွဲမရှိ၊ အုပ်စု ပထမနေရာမှ ၃၂ သင်းအဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
U -12 Junior Soccer World Challenge 2024 ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၄၈ သင်းကို ၄ သင်း ၁၂ အုပ်စုခွဲ၍ ပထမအဆင့်(Preliminary League) အဖြစ် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ပထမအဆင့်(Preliminary League) တွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်နိုင်သည့် အသင်းနှစ်သင်းစီမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲ(Final Tournament) သို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အဆင့် ၃၊ ၄ ရ အသင်းမှာ အောက်အဆင့်ပြိုင်ပွဲ (Lower Tournament) ၌ ဆက်လက်ကစားရမည်ဖြစ်သည်။