September 20, 2024

၂၁. ၈. ၂၀၂၄
Written by HeyMar

အမျိုးသားတစ်ဦး လိုင်းကားစီးလာရင်း ကားပေါ် မှာ လေဖြတ်သွားခဲ့ကာ စီးလာတဲ့လိုင်းကားက အမှတ်သုံးလမ်းဆုံ မှတ်တိုင်မှာ ချထားခဲ့တဲ့အတွက် တာဝန်သိပြည်သူတွေက လူမှုကူညီရေးအသင်းဆီ ဆက်သွယ်ကူညီပေးခဲ့ရတဲ့ဖြစ်စဉ် ဒီနေ့မနက် ၇ နာရီဝန်းကျင်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဆိုပါအမျိုးသားကို မေဓာဝီဆေးရုံကြီးဆီ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ပို့ဆောင်ပေးထားပြီး လက်ရှိအချိန်အထိ သတိမရသေးတဲ့အတွက် အဆိုပါအသင်းအဖွဲ့ကပဲ ခေတ္တလူနာရှင်အဖြစ် တာဝန်ယူဆောင်ရွက်ကုသမှုပေးနေတယ်လို့ သိရပါတယ်။

ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “လူနာက သတိမရတော့ ဘာမှမသိရသေးဘူး။ သူ့ဖုန်းကလည်း Password ခံထားတယ်။ လက်ရှိအချိန်ထိ ဆက်လာသူလည်း မရှိသေးဘူး။ သူ့ကို ချပေးသွားတဲ့ လိုင်းကားနံပါတ်လည်း မမှတ်မိလိုက်ကြဘူး။ အချက်အလက်က သိရတာ ဘာမှမရှိသေးပါဘူး။ ကြိုးစားနေကြဆဲပါလို့ ” MTNews ကို ပြောပါတယ်။

အဆိုပါလူနာကို သိရှိသူတွေအနေနဲ့လည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ရဲ့ ဖော်ပြပါ ဖုန်းနံပါတ် 09-946659399
09-962233772(ပုလဲအရန်မီးသတ်တပ်ဖွဲ့)ကို ဆက်သွယ်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *