September 20, 2024

၂၀. ၈. ၂၀၂၄
Written by Nyein Kyaw

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်တွင် မြေအောက်‌ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၉ ရက်(ယမန်နေ့) နံနက် ၃ နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ သတ္တသတ္တာဟဘုရားနှင့် သပြေစမ်းကျေးရွာကြား လမ်းလယ်ကျွန်းပေါ်၌ မင်္သကာဖွယ်ရာအမျိုးသားတစ်ဦးဖြစ်သည့် ပုဗ္ဗသီရိမြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ ကျော်စိုး(၄၅)နှစ်(ဘ)ဦးတင်မောင်အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်ဆေးခဲ့ရာ ၎င်းထံမှ ဖြတ်တောက် ခိုးယူထားသော မြေအောက်ကေဘယ်မီးကြိုးဖြတ်စခွေ(၁၆)ခွေ၊ ဂေါ်ပြား(၁)လက်၊ ဓားမ(၁)ချောင်း၊ မီးကြိုးခွာ ရာတွင် အသုံးပြုသော အဝါရောင်လက်ညှစ်ဓား(၂)ချောင်း၊ ဓားဆံဗူး(၁)ဗူး၊ ဂက်စ်မီးခြစ်တစ်လုံး၊ လွယ်အိတ် (၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်စိုးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *