September 20, 2024

၂၀. ၈. ၂၀၂၄
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၏ လူစည်ကားမှုအများဆုံးနေရာတစ်ခုဖြစ်သော ကမာရွတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်း၊ တိုက်အမှတ်(၃၁)ရှိ ဖိုးချစ် ဖုန်းအရောင်းဆိုင်တွင် ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ပစ်ခတ်မှုဖြစ်စဥ်မှာ တိုက်အမှတ် (၃၁)လှေကားခွင်တွင် ဖွင့်လှစ်ထားသော ဖိုးချစ်ဖုန်းအရောင်းဆိုင်မှ ကိုအောင်သက်ထွေး(ခ)ငယ်လေး၊ (၂၁)နှစ် ဆိုသူအား လမ်းလျှောက်လာသည့် PDF ဟု ယူဆရသူ လူငယ်နှစ်ဦးအနက် တစ်ဦးက သေနတ်အတိုဖြင့် ၂ ချက်ဆင့် ပစ်ခတ်ခဲ့ကာ အင်းစိန်လမ်းအတိုင်း ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

“ဆိုင်ပိတ်ပြီးချိန်မှာ အပစ်ခံရတဲ့သူက ဖုန်းပြောနေတာ။ အဲဒီအချိန်မှာ လူနှစ်ယောက်က သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတာ။ ပစ်လိုက်တဲ့နေရာက ကျည်ခွံနှစ်ခုလည်း တွေ့တယ်။ လူမှားပစ်သွားတာလို့လည်း လမ်းထဲ ​ပြောနေကြတာ” ဟု ဦးထွန်းလင်းခြံလမ်းတွင် နေထိုင်သူတစ်ဦးက သိရှိရသည့်ဖြစ်စဥ်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကိုအောင်သက်ထွေးသည် ဝဲဘက်ချိုစောင်းတွင် ရှပ်ထိဒဏ်ရာ(၁)ချက်၊ ဝဲဘက် ခြေသလုံးတွင် ရှပ်ထိဒဏ်ရာ(၁)ချက် ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေဖြစ်ခဲ့သဖြင့် လူနာတင် ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း သိရပြီး တာဝန်ရှိသူများက ပစ်ခတ်မှုဖြစ်စဥ်မှ တရားခံနှစ်ဦးအား ဖမ်းမိရေး အနီးဝန်းကျင်ရှိ CCTV မှတ်တမ်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် စိစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *