September 20, 2024

၂၀. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဝန်ကြီးချုပ်ဟောင်း ဟာစီနာမှာ နိုင်ငံတစ်ဝန်းမတည်မငြိမ်ဖြစ်ခဲ့ရသည့် ဆန္ဒပြမှုများအတွင်း ဩဂုတ်လ ၅ ရက်က ရာထူးမှနုတ်ထွက်ကာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီးနောက်တွင် ၎င်းအား အမှုဖွင့်တရားစွဲဆိုထားသည့်အမှုပေါင်းမှာ ဩဂုတ်လ ၁၉ ရက်တွင် ၂၃ မှုအထိရှိလာကြောင်း သိရသည်။

နောက်ဆုံးအမှုအဖြစ် အလုပ်အကိုင်ခွဲတမ်း ပြုပြင်ပြောင်းလဲရေးဆန္ဒပြမှုများအတွင်း Rangpur မြို့တွင် ပစ်ခတ်မှုများ၌ ဆိုက်ကားဆရာ မာနစ်မီယာ သေဆုံးခဲ့မှုအတွက် ဝန်ကြီးချုပ်ဟောင်း ဟာစီနာအား ဩဂုတ်လ ၁၉ ရက်က အမှုဖွင့်တရားစွဲခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါအမှုတွင် ဝန်ကြီးချုပ်ဟောင်း ဟာစီနာနှင့်အတူ အဝါမီလိဂ်ပါတီ အထွေထွေအတွင်းရေးမှူး အို ဘေးဒူလ် ကွေဒါ၊ ပြည်ထဲရေးဝန်ကြီးဟောင်း အဆာ ဒတ်ဇာမန် ခန်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဟောင်း တီပူ မွန်ရှီ၊ ရဲတပ်ဖွဲ့စစ်ဆေးရေးအရာရှိချုပ်ဟောင်း အဗ္ဗဒူလာည အယ်လ် မာမန်နှင့် Rangpur မြို့ အငြိမ်းစားရဲမင်းကြီး မိုနီရူဇာမန် တို့ကိုလည်း စွဲချက်တင် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုအမှုကို မာနစ်မီယာ၏ မိခင်က Rangpur မြို့ တရားရုံးတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဟုလည်း သိရသည်။ မာနစ်မီယာက Rangpur မြို့တွင် ဆန္ဒပြသမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ဇူလိုင်လ ၁၈ ရက်က တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်ကြစဉ် ရဲတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဟာစီနာအား အမှုဖွင့်လှစ်ခဲ့သည့်အမှု ၂၃ မှုတွင် လူသတ်မှု ၁၉ မှု၊ ပြန်ပေးဆွဲမှု တစ်မှု၊ လူလူချင်းကိုယ်ချင်းစာမှုမဲ့ကာမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု သုံးမှုတို့ ပါဝင်ကြောင်း သိရသည်။

Ref- Daily Star

Leave a Reply

Your email address will not be published. Required fields are marked *