September 20, 2024

၂၀. ၈. ၂၀၂၄
Written by Thettant

မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းတွင် အိမ်စီးယာဥ်တစ်စီး ဝါယာရှော့ခ်ဖြစ် မီးလောင်မှု ယမန်နေ့ညဦးပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည ၇ နာရီ ၂၁ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ အထက်ပန်းဆိုးတန်းလမ်းတွင် ကားမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ပြီး ၇ နာရီ ၂၆ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

“ဝါယာရှော့ခ်ဖြစ်ပြီး လောင်တာပေါ့။ ကားကတော့ မာဇဒါ Biante အမျိုးအစားပါ။ ကားခေါင်းခန်းပဲ နည်းနည်းလောင်သွားတာ။ EV ကားလည်း မဟုတ်ပါဘူး။ ထိခိုက်သူလည်း မရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက သိရှိရသည့်အချက်ကို ပြောပြသည်။

ပုံစာ။ Mazda Biante ယာဥ်မီးလောင်မှု ငြှိမ်းသတ်နေစဥ်(ဓာတ်ပုံ – ကျောက်တံတား အရန်မီးသတ်တပ်ဖွဲ့)

Leave a Reply

Your email address will not be published. Required fields are marked *