September 20, 2024

၁၉. ၈ . ၂၀၂၄
Written by Thettant

မြန်မာပြည်ရဲ့ ပထမဆုံးသော Professional Boxing ပြိုင်ပွဲကို Myanmar Boxing Commission က မနက်ဖြန်မှာ စတင် ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ Boxrec ဝင်ဖို့နဲ့ ဂျပန်နိုင်ငံ JBC ပြိုင်ပွဲကြီးဝင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်လာမယ်လို့ သိရပါတယ်။

မနက်ဖြန် ဩဂုတ် ၂၀ ရက် နေ့လယ် ၂ နာရီကစပြီး ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းအတွင်းက မြန်မာနိုင်ငံ Boxing အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်းအတွင်းပြုလုပ်မဲ့ ဒီပြိုင်ပွဲမှာ အမျိုးသမီးတွဲဆိုင်းတစ်ခုနဲ့ အမျိုးသားတွဲဆိုင်း ၉ တွဲပါဝင်မှာဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်ကစားသမားတွေ၊ ပြည်နယ်နဲ့ တိုင်းဆုတံဆိပ်ရှင်တွေ၊ ရိုးရာကျားတွေနဲ့ လက်စွမ်းထက်နေတဲ့ကစားသမားတွေ ပါဝင်တာမို့ ပွဲကြမ်းပွဲကောင်းတွေ ဖြစ်လာမယ်လို့လည်း MBC က ကြေညာထားပါတယ်။

ယှဥ်ပြိုင်မဲ့ကစားသမားတွေကို သေချာ Camp သွင်းပီး လေ့ကျင့်ပေးထားတာမို့ အားလုံးက စွမ်းဆောင်ရည် အပြည့်ပြသဖို့ အဆင်သင့်ဖြစ်နေသလို ဝင်ကြေးကလည်း အခမဲ့လုပ်ပေးထားလို့ ပရိသတ်တွေ ကွင်းထဲလာဖို့ ဖိတ်ခေါ်ထားသလို ဂျပန် JBC ရဲ့ နိုင်ငံတကာဒိုင်ချုပ်ကိုယ်တိုင်လည်း ဒိုင်ဝင်လုပ်မှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကိုလည်း International Professional Rules အတိုင်းပဲ ကျင့်သုံးသွားမယ်လို့ MBC က သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *