September 20, 2024

၁၉.၈.၂၀၂၄
Written By Thandar

ဘောလုံးကိုအခြေခံထားတဲ့ ဇာတ်လမ်းပုံစံ “အချိန်ပို – Extra Time” ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲနဲ့ မီဒီယာမိတ်ဆက်ပွဲကို ယနေ့ ဩဂုတ် ၁၉ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော် မယ်ချို ရိုက်ကတည်းက မင်းဘုန်းမြတ်ကိုလည်း တိုင်ပင်တယ်။ ကိုယ်တိုင်က အရမ်း ဒီကားအတွက် စိတ်အရမ်းပြင်းပြနေလို့ ရိုက်ဖြစ်တာပါ။ လွန်ခဲ့တဲ့ ၆ လလောက်တည်းက ဇာတ်က ခုမှ အကောင်အထည်ဖော်ဖြစ်တာပါ။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းက ဖြတ်လျှောက် ကလေးဘဝရိုက်ထဲက ကိုသူထူးစံနဲ့ ဘောလုံးတွေ ကန်ခဲ့တယ်။ ဒီခင်မင်ရင်းနှီးမှုကြောင့် စျေးတောင်မပြောနဲ့ လက်ခံပေးခဲ့တာပါ။ ဒီအချိန်မှာ အလုပ်တစ်ခုကနေ အတည်တကျလုပ်သင့်တာမို့ပါ။ လှူချင်တဲ့စိတ်တစ်ခုကြောင့် ထုတ်လုပ်ရေးတစ်ခု လုပ်ဖြစ်တာပါ။ ဘောလုံးဇာတ်ကားတစ်ခုကို တည်ဖြစ်လိုက်တာပါ။ ဒီကားက ရတဲ့အကျိုးအမြတ်တွေနဲ့ နေရာများများကို လှူသွားချင်လို့ ဒီထုတ်လုပ်ရေးကို ထူထောင်ဖြစ်တာပါ ”လို့ သရုပ်ဆောင် မာန်ဟိန်း(HM Production) က ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်း မာန်ဟိန်း၊ ဇာတ်ညွှန်း MSY တို့က ရေးသားပြီး ဒါရိုက်တာ ပြည့်ဖြိုးဟန် (PD)က သရုပ်ဆောင် နေထက်လင်း၊ သူထူးစံ၊ မာန်ဟိန်း၊ ချောကလျာ၊ မင်းဘုန်းမြတ်၊ နေခြည်ရွှန်းလက်၊ မှူးသခင်ကို စတဲ့အနုပညာရှင်တွေ ဘောလုံးကစားသမားတွေနဲ့ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

“အချိန်ပို ရုပ်ရှင်ကားကို မောင်လေးမာန်ဟိန်း ကမ်းလှမ်းလို့ပါ။ ကိုသူထူးစံက ဆက်သွယ်လာလို့ လက်ခံရိုက်ထားတာပါ။ ဒီဇာတ်ကားမှာ ရိုးရိုးပုံစံလေးပါ။ အမမြင်နေကြပုံစံကို အမအနေနဲ့ အမာဇာတ်ရုပ်လေးနဲ့ မြင်ရမှာပါ။ ဒီကား ဘောလုံးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးပါ။ အဓိကတော့ ဘောလုံးဇာတ်မို့ မောင်လေး မာန်ဟိန်းတို့ ကိုနေထက်လင်းနဲ့ ကိုသူထူးစံတို့တွေက ပိုလုပ်ရမှာပါ။ ဒီကားလေးဇာတ်ကလည်း ဘောလုံးဇာတ်မို့ ထူးဆန်းပါတယ်။ ကောင်းပါတယ်”လို့ အကယ်ဒမီ ချောရတနာက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *