September 20, 2024

၁၉. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ပေတုံတန် ရှင်နာဝပ်ထရာက အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ညွန့်ပေါင်းအဖွဲ့တွင်ပါဝင်တဲ့ အခြားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုက ယခုရက်သတ္တပတ်အတွင်း ပြီးမြောက်နိုင်မယ်လို့မျှော်လင့်ထားတယ်လို့ ဩဂုတ်လ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ဆီက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လွှာကို ရရှိပြီးတဲ့နောက် နိုင်ငံရဲ့ အသက်အငယ်ဆုံး ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ ပေတုံတန်က အခုလို ပြောလိုက်တာပဲ ဖြစ်ပါတယ်။

ပေတုံတန်က ညွန့်ပေါင်းအဖွဲ့ရဲ့ဦးဆောင်ဖြစ်တဲ့ ဖျူထိုင်းပါတီနဲ့ အခြားသောပါတီဆယ်ခုမှခေါင်းဆောင်တွေဟာ အစိုးရသစ်ဖွဲ့စည်းရေးအတွက် ဒီအပတ်ထဲမှာပဲ သဘောတူညီချက်ရကြလိမ့်မယ်လို့ သတင်းထောက်တွေကိုပြောခဲ့တာလည်းဖြစ်ပါတယ်။

ဖျုထိုင်းပါတီခေါင်းဆောင်တွေအနေနဲ့ ပါတီရဲ အစိုးရအဖွဲ့ဝင် ဝန်ကြီးလောင်းတွေအတွက် ဩဂုတ် ၁၉ ရက်မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး ပေတုံတန်က အခြားသောညွန့်ပေါင်းအဖွဲ့ဝင်ပါတီတွေနဲ့ ဩဂုတ်လ ၂၀ ရက်မှာ သူမက တွေ့ဆုံညှိနှိုင်းသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ အစိုးရအဖွဲ့သစ်မှာ အရင်ဝန်ကြီးချုပ်ဟောင်းဆရက်သာရဲ့ အစိုးရအဖွဲ့ဝင်တွေကိုပြန်လည်ခန့်အပ်မလားဆိုတာတော့ သူမက တစ်စုံတစ်ရာ ကတိပေးမှုမပြုခဲ့ပါဘူး။

ကြားဖြတ်အစိုးရ ဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းက ဖျူထိုင်းပါတီအနေနဲ့ ဩဂုတ်လ ၁၉ ရက်မှာ အခြားသော ညွန့်ပေါင်းအဖွဲ့ဝင်ပါတီတွေကို အစိုးရသစ်အတွက် သူတို့ရွေးချယ်ထားသူတွေကို မကြာမီအစိုးရအဖွဲ့ရုံးသို့ တင်သွင်းကြဖို့ ဩဂုတ် ၁၉ ရက်မှာတောင်းဆိုလိမ့်မယ်လို့လည်း ပြောပါတယ်။ ဒီလို ပြုလုပ်ခြင်းက ရွေးချယ်ခံရသူတွေရဲ့ အရည်အသွေးကို ကြိုတင်စိစစ်နိုင်ကာ နိုင်ငံရေးအရ မတည်မငြိမ် ဝရုန်းသုန်းကားဖြစ်ရမှုမျိုးတွေကို ရှောင်ရှားနိုင်မှာပါ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးလည်းဖြစ်တဲ့ အသက် ၃၇ နှစ်ရှိ ပေတုံတန်ကို ဩဂုတ်လ ၁၆ ရက်မှာအောက်လွှတ်တော်ကနေ ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံမဲ သုံးပုံနှစ်ပုံနီးပါးနဲ့ အတည်ပြု ရွေးချယ်ခဲ့တာပါ။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *