September 20, 2024

၁၉.၈.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အလင်းရောင် (၁)၊ ၉ လမ်းတွင် ခိုက်ရန်ဖြစ်ပွား၍ သားဖနှစ်ဦး ဦးခေါင်းကွဲဒဏ်ရာများရရှိပြီး ၎င်းတို့၏သွေးထွက်ဒဏ်ရာများကိုမြင်သည့် သမီးဖြစ်သူမှာ မူးလဲသွားကြောင်းနှင့် ကျူးလွန်သူအမျိုးသားနှစ်ယောက်ကို သက်ဆိုင်ရာမှ ဖမ်းဆီးသွားကြောင်း ညီညွတ်ခြင်းစုပေါင်းအခမဲ့နာမှုကူရေးအသင်းထံမှ သိရသည်။

ယမန်နေ့ သြဂုတ်လ ၁၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ထိုလမ်းနေ ပြည်သူများက ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီရေးအသင်းသို့ ဖုန်းဆက်အကူအညီတောင်းသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်၍ လူနာများကို ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဘယ်လိုကိစ္စကြောင့် ဖြစ်တာလဲတော့မသိဘူး။ ကျူးလွန်သူ အမျိုးသားနှစ်ယောက်ကိုတော့ ဖမ်းမိတယ်။ ဒဏ်ရာရတာက သားအဖနှစ်ယောက်နဲ့ သူတို့ဒဏ်ရာတွေမြင်တော့ သမီးကပါ မူးလဲသွားတာ။ သားအဖနှစ်ယောက်က ဦးခေါင်းမှာ ဒဏ်ရာရတယ်” ဟု လူနာများကိုသွားရောက်ကူညီသည့် ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဦးခေါင်းကွဲ၍ ဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူမှာ အသက်(၅၀) ကျော်အရွယ်ရှိပြီး သားဖြစ်သူမှာ အသက် (၁၄) နှစ်ဝန်းကျင်သာရှိသည့် ကလေးငယ်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *