September 21, 2024

၁၉. ၈. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းအား ယနေ့ ဩဂုတ် ၁၉ ရက် နံနက် ၆ နာရီ ၂၇ မိနစ်တွင် နေထိုင်သည့် အုန်းပင်စုကျေးရွာ လမ်းမဘေး၌ အုတ်ဖို PDF များက သေနတ်ကျည် ၃ ချက်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ကျုးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုက ဝန်ခံချက်ထုတ်ပြန်သည်။

ဦးအောင်ဝင်းကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် လက်ပစ်ဗုံး ၁ လုံး၊ ကျည်လွဲအဆောင် ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်းထောက်ပံငွေ ကောက်ခံသည့် စာရင်းစာအုပ်တို့ကို သိမ်းယူခဲ့သည်ဟုလည်း ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းသည် တပ်ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး PDF များ သွားလာနေသည့် ကျေးရွာချင်းဆက်လမ်းများအား ဘူဒိုဇာဖြင့် ဖျက်ဆီးခိုင်းခြင်း၊ PDF တပ်ဖွဲ့များနှင့် PDF များ၏ အချက်အလက်များ​အား ထောက်​လှမ်း​သတင်းပို့ခြင်း၊ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ လက်ပစ်ဗုံးပြ၍ လက်နက်အားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသောကြောင့် သတ်ဖြတ်လိုက်သည်ဟုလည်း အုတ်ဖို PDF က ဆင်ခြေပေးထားသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *