၁၉.၈.၂၀၂၄
Written By Thandar
လက်ရှိမှာ ဖေဖေကြီးကာရိုက်တာနဲ့ ပရိသတ်ချစ်ခင် အားပေးမှုများစွာ ထပ်မံရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်ရဲ့မိခင် ဒေါ်သိန်းသိန်းဟာ အသက် ၉၂ နှစ်အရွယ် ယနေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ရန်အောင်ရဲ့ မိခင်ကြီး ဒေါ်သိန်းသိန်းဟာ ယနေ့ ဩဂုတ် ၁၉ ရက် နံနက် ၁၂ နာရီ ၄၃ မိနစ်က လူကြီးရောဂါနဲ့ ရန်ကုန်မြို့က ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသနေရင်း ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
“မေမေက ၉၂ နှစ် ရှိပါပြီ။ လူကြီးရောဂါ ခံစားနေရတာမို့ မေမေက ခံနိုင်ရည် သိပ်မရှိပါဘူး။ အမေ့ဆီမှာပဲ စိတ်က အမြဲရောက်နေတယ်။ အရာရာကို စိတ်ပူပန်နေရတာပါ။ အမေ့ရဲ့ နောက်ဆုံးချိန်အထိလည်း စိတ်ကိုပြင်ဆင်နေထိုင်ခဲ့တာပါ။ မာတာမိခင်ကြီး အေးချမ်းစွာချုပ်ငြိမ်းသွားလေပြီ ၁၂ နာရီ ၄၃ မိနစ် ၁၉ ရက် တနင်္လာနေ့ နံနက်ကပါ” လို့ ထပ်ဆင့် အကယ်ဒမီ ရန်အောင်ကပြောပါတယ်။