၁၈ . ၈ .၂၀၂၄
Written by MMAK
◾ ဘရန့်ဖို့ Vs ခရစ္စတယ်ပဲလေ့စ်
အိုလီဗာ ဂလက်စနာရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မနှစ်ကရာသီပြီးဆုံးကာနီးမှာ တော်တော်လေး ခြေစွမ်းကောင်းခဲ့ပြီး နောက်ဆုံးခုနှစ်ပွဲဆက်မရှုံးခဲ့သလို ရာသီကြို ခြေစမ်းပွဲ ငါးပွဲလုံးကိုလည်း မရှုံးခဲ့ပါဘူး။ တောင်ပံကစားသမား အိုလစ်ဆီကို ထုတ်ရောင်းခဲ့ပေမဲ့ အစ်စမာလစ် ဆားနဲ့ ဂျပန်လက်ရွေးစင်ကစားသမား ဒိုက်ချီခါမာဒါတို့ကို ပြန်ခေါ်ထားပါတယ်။ ဘရန့်ဖို့ကတော့ အဓိက ကစားသမားတွေ အထွက်မရှိဘဲ ကာဗယ်ဟိုနဲ့ တိုက်စစ်မှုး သီယိုဂို ရိုဒရီဂွက်တို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘရန့်ဖို့အသင်းက ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ သောမတ်ဖရန့်ရဲ့ ဘရန့်ဖို့အသင်းက ခံစစ်ပိတ်ကစားတတ်တဲ့အသင်းမျိုး မဟုတ်ဘဲ အိမ်ကွင်းဖြစ်နေတာကြောင့် အနိုင်ရအောင် ဦးတည်ကစားလာပါလိမ့်မယ်။ ပဲလေ့စ်အသင်းကလည်း တိုက်စစ်ကောင်းတဲ့ အသင်းဖြစ်ပြီး နောက်ဆုံး ဆယ့်နှစ်ပွဲဆက် ဂိုးသွင်းထားနိုင်တာကို တွေ့ရပါတယ်။ နှစ်သင်းလုံးက ခံစစ်ပိတ်ကစားတတ်တဲ့ အသင်းတွေမဟုတ်သလို တိုက်စစ်ကောင်းတဲ့အသင်းတွေ ဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားဆိုတဲ့ပေါက်ကြေးက ဂိုးပေါ်ခေါ်ထားတဲ့ ပေါက်ကြေးဖြစ်ပေမဲ့ ဘွတ်ကီတွေ ဂိုးပေါင်းကြေးလိမ်ထားတယ်လို့ ယူဆထားပြီး ဂိုးပေါ်ကိုဘဲ ရွေးချယ်ပေးချင်ပါတယ် ။
◾ချဲလ်ဆီး Vs မန်စီးတီး
ဒီရာသီမှာ ချဲလ်ဆီးအသင်းက နည်းပြအသစ် အန်ဇိုမာရက်စကာကို ခန့်အပ်ထားပြီး ရှိရင်းစွဲကစားသမားတွေအပြင် ကစားသမားအသစ်တွေ အများကြီးခေါ်ယူထားပါတယ်။ မန်စီးတီးကတော့ ဂျီရိုနာတောင်ပံကစားသမား ဆာဗီယိုနဲ့ လူငယ်တိုက်စစ်ကစားသမား နှစ်ယောက်သာခေါ်ယူထားပါတယ်။ ဒီပွဲမှာ အဝေးကွင်း မန်စီးတီးအသင်းက တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတို့ မနှစ်ကရာသီမှာ သုံးကြိမ်တွေ့ဆုံခဲ့ပြီး ချဲလ်ဆီးကွင်းမှာ မန်စီးတီးအသင်းက တစ်လုံးငါးဆယ်စားပေးထားခဲ့ပြီး သရေကျခဲ့သလို မန်စီးတီးကွင်းမှာ တစ်လုံးအရှုံးထိပေးခဲ့ပြီး သရေကျခဲ့ပြန်ပါတယ်။ Fa ဖလား ဆီးမီးဖိုင်နယ်ပွဲစဥ်မှာ တစ်လုံးသရေပေးခဲ့ပြီး မန်စီးတီးက တစ်ဂိုးအသာနဲ့ ကပ်နိုင်ခဲ့တာကြောင့် ပေါက်ကြေးအရ သရေဖြစ်ခဲ့ပါတယ်။ ပေါက်ကြေးတွေကို ယှဥ်ကြည့်မယ်ဆိုရင် အခုပွဲစဥ်မှာ မန်စီးတီးအသင်းပေးထားတဲ့ တစ်လုံးကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးက တော်တော်ပျော့ပျောင်းနေပြီး ကြေးအောင်ပါ့မလားဆိုတာ စဥ်းစားချင်စရာကောင်းပါတယ်။ ကွင်းလယ်ကစားသမား ရိုဒရီနဲ့ ဖိုဒန်တို့ ပါဝင်ကစားဖို့ မသေချာတာကြောင့် ပေါက်ဈေး ပျော့နေတယ်ထင်ပြီး သူတို့နှစ်ယောက်မပါနိုင်ရင် မန်စီးတီးအသင်း အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်ပါဘူး။ တစ်ဂိုးအသာနဲ့ အနိုင်ရတာနဲ့ ပျော်ရွှင်ရမဲ့ မန်စီးတီးအသင်းကို လူကြိုက်များလာနိုင်တာကြောင့် အိမ်ရှင်ချဲလ်ဆီးအသင်းကို ကြိုက်ပါတယ်။
◾ မာယော့ကာ Vs ရီးရဲမက်ဒရစ်
အိမ်ရှင်မာယော့ကာအသင်း ခြေစမ်းပွဲတွေအပါအ၀င် နောက်ဆုံးဆယ်ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။
ရီးရဲအသင်းနဲ့ တွေ့ဆုံမှု နောက်ဆုံးသုံးပွဲမှာလည်း နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ တစ်ပွဲပြန်အနိုင်ရထားတာ တွေ့ရပါတယ်။ သို့ပေမဲ့ ရီးရဲအသင်းကို ဘယ်အရာနဲ့ ဆန့်ကျင်ရမလဲဆိုတာ တွေးရခက်နေပြီး မနှစ်က မာယော့ကာကွင်းတွေ့ဆုံမှုမှာ ရီးရဲအသင်းက တစ်လုံးလေးဆယ်စားလောက်ထိပေးခဲ့ပေမဲ့ အခုပွဲစဥ်မှာ ရီးရဲအသင်းက ဘော်ဒီကြေး တစ်လုံး နှစ်ဆယ်အရှူံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားဖြစ်ပါတယ်။ မာယော့ကာအသင်းက အိမ်ကွင်းကောင်းတဲ့ အသင်း ဖြစ်ပြီး ရီးရဲအသင်းကို ဂိုးသွင်းနိုင်တယ်လို့ ယူဆထားပါတယ်။ ကြေးကြောပေးထားတဲ့ ရီးရဲအသင်းလည်း သေချာပေါက် ဂိုးရဖို့ ရှိနေတာကြောင့် တစ်ဖက်တစ်ဂိုးစီလောက် မြင်ရဖို့ ရှိနေပါတယ်။ ရီးရဲအသင်းကို ဘော်ဒီထိန်းပြီး ဂိုးပေါ် ပေးစားမယ်ဆိုရင် မာယော့ကာအသင်း ဂိုးရသွားနိုင်ပါတယ်။ ဒီအတွက်ကြောင့် ရီးရဲဂိုးပေါ် တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဘိုလော့နာ Vs အူဒီးနီး
မနှစ်ကရာသီမှာ ချန်ပီယံဝင်ခွင့်ထိ ရရှိအောင်မြင်ခဲ့တဲ့ ဘိုလော့နာအသင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ နည်းပြသီယာဂို မော့တာက ဂျူဗင်တပ်အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ တိုက်စစ်မှူး ဇက်ခ်ဇီကို မန်ယူအသင်းဆီရောင်းချခဲ့ပြီး ဘယ်နောက်ခံကစားသမား ကာလီဖီအိုရီကို အာဆင်နယ်အသင်းထံ ရောင်းချခဲ့ပေမဲ့ သူတို့နေရာမှာ လုံလောက်တဲ့ အစားထိုးကစားသမားဝယ်ယူမှု မတွေ့ရပါဘူး။ အူဒီးနီး အသင်းရဲ့ လူစာရင်းကတောင် ပိုမိုကောင်းမွန်နေပြီး လူကာ ၊ ဆန်းချက် ၊ ဒယ်လိုဖူ နဲ့ သာယူဗင်တို့လို့အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့် အချိန်မရွေး ဂိုးသွင်းနိုင်ပါတယ်။ မနှစ်က တွေ့ဆုံမှု နှစ်ပွဲမှာ ဘိုလော့နာကွင်းမှာ တစ်ဂိုးစီသရေကျခဲ့ပြီး အူဒီးနီးကွင်းမှာ အိမ်ရှင်အူဒီးနီးအသင်းက သုံးဂိုးပြတ် အနိုင်ရထားပါတယ်။ မနှစ်က ဘိုလော့နာအသင်း အိမ်ကွင်းမှာ တစ်လုံးငါးဆယ်စားအထိပေးခဲ့ပေမဲ့ ဒီပွဲမှာ ပြားကိုးဆယ် အရှုံးသာ ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး နှစ်ဆယ် အရှုံး ဖြစ်ပါတယ်။ ဒီပေါက်ကြေးအရ သရေကျနိုင်ချေ အများဆုံး ဖြစ်နိုင်တာမို့ အောက်ကြေး အူဒီးနီးအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဗီရိုနာ Vs နာပိုလီ
နာပိုလီအသင်းကို နည်းပြကြီး အန်တိုနီကွန်တီ ကိုင်တွယ်နေပြီး အသင်းရဲ့ ကစားပုံကို တည်ဆောက်ဆဲကာလလို့ပြောလို့ရပြီး ကွန်တီရဲ့ ကစားပုံနဲ့ ကစားသမားတွေ အံမဝင်သေးဘဲ ခြေစွမ်းပွဲတွေမှာ အသင်းငယ်လေးတွေကိုသာ နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး အိုစီမန်ကလည်း အသင်းပြောင်းဖို့ သေချာသလောက်ရှိနေပြီး ကစားနိုင်မှာ မဟုတ်ဘဲ ကွန်တီလိုချင်တဲ့ ကစားသမားတွေကို နာပိုလီအသင်း ဘုတ်အဖွဲ့က ခေါ်ယူထားနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ကိုပါအီတာလီယာ ပွဲစဥ်မှာဆို အိမ်ကွင်းမှာ ကစားခဲ့ရပေမဲ့ အောက်တန်းလိဂ်က အသင်းငယ်လေးကို ဂိုးရအောင် မသွင်းနိုင်ခဲ့ဘဲ ပင်နယ်တီမှာသာ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ဗီရိုနာအသင်းက အိမ်ကွင်းမှာ ပိုကောင်းတဲ့ အသင်းဖြစ်နေချိန်မှာ တစ်လုံးငါးဆယ်စားပေးထားတဲ့ အဝေးကွင်းနာပိုလီအသင်း နှစ်ဂိုးပြတ်နိုင်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ နာပိုလီအသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပြီး နှစ်ဂိုးပြတ်အနိုင်ရသွားမယ် မထင်ပါဘူး။ ပြားငါးဆယ်ရင်းပြီး အိမ်ရှင် ဗီရိုနာအသင်းကို ရွေးချယ်ပေးချင်ပါတယ်။