၁၈.၈.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ (မြောက်ဘက်အထွက်)၊ သာသနာ့ဝေပုလ္လ (သုသာန်) ကျောင်းတိုက်ရှေ့တွင် ခွေးကိုရှောင်သည့် မီနီအိုးဝေယာဥ်မှာ အရှိန်လွန်၍ တိမ်းမှောက်ရာ ထိုအိုးဝေပေါ်တွင် ဆေးပြပြီးပြန်လာသည့် ခရီးသည်လူနာတစ်ဦး လက်နှစ်ချောင်းကျိုးသွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ သြဂုတ်လ ၁၈ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် တောင်ငူမြို့ရှိဆေးခန်း၌ ဆေးခန်းပြပြီး မီးနီအိုးဝေဖြင့် ဆွဲလွဲချောင်းကျေးရွာသို့ပြန်လာစဥ် ထိုသာသနာ့ဝေပုလ္လ (သုသာန်) ကျောင်းတိုက်ရှေ့အရောက်တွင် ခွေးကိုရှောင်ရင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
“တောင်ငူဆေးရုံကို အရိုးအကြောနဲ့ ပတ်သက်ပြီး သွားပြတာ။ သာသနာ့ဝေပုလ္လ(သုသာန်) ကျောင်းရှေ့မှာ ခွေးကိုရှောင်ရင်း မှောက်သွားတာ။ မောင်းတဲ့သူက ပွန်းပဲ့၊ ဆေးသွားပြတဲ့အမျိုးသမီးတစ်ဦးက ဘယ်ဘက်လက်က လက်ခလယ်နဲ့ လက်သန်းကျိုးတယ်။ ပြီးတော့ ဘယ်ဘက်လက်မောင်းနဲ့ရင်ဘတ်ပွန်းပဲ့တယ်။ ကျန်အမျိုးသမီးက ဘာမှမဖြစ်ဘူး” ဟု အခင်းနေရာသို့သွားရောက်ကူညီပေးသည့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ဦးတေဇသီရိက MT News သို့ မိန့်သည်။
ဒဏ်ရာရရှိသည့် အမျိုးသမီးကို အုတ်တွင်းဆေးရုံမှတစ်ဆင့် တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – ဦးတေဇသိရီ