၁၈. ၈. ၂၀၂၄
Written by Nay Moe
ချောက်မြို့နယ်၊ ကြို့ပင်စုကျေးရွာတွင် PDF များက မိသားစုဝင်လေးဦးကို လေးလောင်းပြိုင်သတ်ဖြတ်ကာ ကားနှစ်စီးကို လုယက်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြို့ပင်စုကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမောင်ညို(၆၈)နှစ်သည် သားဖြစ်သူ ဦးဇော်ဇော်အောင် (၄၀)နှစ်၊ သမီးဖြစ်သူ ဒေါ်ဇာဇာလင်း (၃၇)နှစ်၊ ဆွေမျိုးတော်စပ်သူ ဒေါ်ဌေး(၅၂)နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးမောင်ညိုပါ လေးဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့သည်။
တာဝ်ရှိသူများက စစ်ဆေးစဥ် အခင်းဖြစ်နေရာအနီးမှ M22 ကျည်ခွံ ၃၀ နှင့် M22 ကျည် ၂ တောင့်တွေ့ရှိပြီး အခင်းဖြစ်နေအိမ်မှ MGY 1G/4170 အဖြူရောင်ယာဥ်နှင့် MGY 1N/2041 ခဲရောင် ကား(၂)စီး ယူဆောင်၍ ရွာ၏အနောက်ဖက် ကျောက်တိုင်း-ကန်ရေလေးမှတစ်ဆင့် ကြံကန်လမ်း အတိုင်းမောင်းနှင် ထွက်ခွာသွားကြောင်း သိရှိရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။